မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် ကလေးအတွက် ရရှိသော အကျိုးအာနိသင်တွေဟာ ဘာလဲ?

0

၁။ မိခင်၏နို့ရည်သည် ရင်သွေးငယ် ပြီးပြည့်စုံစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်သော အာဟာရဓါတ် နှင့် ရောဂါကာကွယ်ရေးဓါတ်များ အပြည့်အဝပါဝင်သည်။၂။ မိခင်နို့ရည်သည် အခြားသော အစာအာဟာရများထက် အစာချေလွယ်ကူကာ ကလေးငယ်များ လေထခြင်း ၊ ဝမ်းသွားခြင်း ၊ ဗိုက်နာခြင်းတို့ ဖြစ်ပွားမှု နည်းစေသည်။

၃။ မိခင်နို့ရည်ထဲတွင် ကလေးငယ်အတွက် ကိုယ်ခံအားတိုးတက် ကောင်းမွန်စေကာ ရောဂါပိုး ကူးစက်မှုအန္တရာယ် လျော့နည်းစေသော ဓါတ်သတ္တိများ ပါဝင်သည်။

၎။မိခင်နို့ချို တိုက်ကျွေးခြင်းအားခြင့် ရုတ်တရက် ကလေးသေဆုံးခြင်း အန္တရာယ်မှ လျော့နည်းစေပြီး နောင်ကလေးကြီးလာသောအခါ အဝလွန်ခြင်း ၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်း အန္တရာယ်တို့မှ လျော့နည်းစေသည်။

၅။ မိခင်နို့ချို့ ကောင်းမွန်စွာ သောက်စို့ခွင့်ရသော ကလေးငယ်များ၏ ဥာဏ်ရည် နှင့် အမြင်အာရုံများသည် မိခင်နို့ချို ကောင်းမွန်စွာ သောက်စို့ခွင့်မရသော အခြားကလေးများထက် ပိုမို ကောင်းမွန်သည်။

၆။ မိခင်က အနီးကပ်ချီပွေ့၍ နို့ချိုတိုက်ကျွေးခြင်းခံရသော  ကလေး နှင့် မိခင်အကြား သံယောဇဉ်ပိုမိုခိုင်မြဲလာကြောင်း လေ့လာတွေ့ရှိရသည်။

၇။ နို့ချိုတိုက်ကျွေးခြင်းကြောင့် ကိုယ်ခံအားကောင်းလာသော ကလေးဟာ ဖျားခဲ ၊ နာခဲလှသဖြင့် ဆရာဝန်ပြသခနှင့် ကလေး ဆေးကုသစရိတ်သက်သာပြီး နို့မှုန့်တိုက်ကျွေးလို့ ကုန်ကျစရိတ်များမှလည်း သက်သာစေသည်။

၈။ ရာသီမရွေး အပူအအေးမျှတသော မိခင်နို့ရည်ဟာ နေ့နေ့ညည (၂၄)နာရီကာလပတ်လုံး အဆင်သင့်ရှိနေသည်။ (နို့မှုန့်ဖျော်တိုက်သည့်အခါ အေးလွန်း ၊ပူလွန်းသည့် နို့အခြေအနေကို ကလေးဒုက္ခခံရနိုင်သည်။)

၉။ မိခင်နို့သောက်စို့ရင်း မိခင်ရင်ခွင်၌ နေခွင့်ရသော ကလေးများဟာ လုံခြုံမှုကို ခံစားရပြီး နို့စို့ချိန်တိုင်း မိခင်မေတ္တာကို ခံယူခွင့်ရသောကြောင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ကြောင်း သိရသည်။


ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် မီးနေသည်နှင့် မိခင်များ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( afterbirth)

You might also like