Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပိုမိုကောင်းမွန်သော အနာဂါတ် လူမှုဝန်းကျင်အတွက် Burmese App – BurmeseHearts

ပိုမိုကောင်းမွန်သော အနာဂါတ် လူမှုဝန်းကျင်အတွက် Burmese App

0

BurmeseApp

မင်္ဂလာပါ ။ Burmese Hearts အကြောင်းအမျိုးမျိုးကြောင့် Active မဖြစ်ခဲ့တာ ကြာသွားတယ်နော်။ ဒီကာလအတွင်းမှာ Burmese Hearts ပရိသတ်တွေအတွက် အသုံးဝင်နိုင်တဲ့ အရာကို ဖန်တီးနိုင်ခဲ့ပါတယ်။

Facebook Comment တွေကနေ ၊ Facebook Message တွေအပြင် အမျိုးမျိုးသောနည်းတွေနဲ့ မိမိသိလိုရာတွေကို ဆက်သွယ်မေးမြန်းတဲ့ Burmese Hearts ပရိသတ်တွေအတွက် မေးခွန်းတိုင်းကို ပြန်ဖြေပေးနိုင်ဖို့ အချိန်မလောက်ငနိုင်တာကို နားလည်ပေးပါနော်။

အခုတော့ အားလုံးအဆင်ပြေနိုင်တဲ့ နည်းကို ရပါပြီ။ ဒီမှာ ကလစ်နှိပ်လိုက်ရုံနဲ့ ကဏ္ဍအလိုက် သိလိုကြတဲ့ မေးခွန်းတွေရဲ့ အဖြေကို အားလုံးဖြေပေးထားတယ်လေ။ ကိုယ်သိလိုတဲ့ကဏ္ဍမှာ ကိုယ်သိလိုတဲ့ မေးခွန်းကို ကလစ်နှိပ်လိုက်ရုံနဲ့ အဖြေကို ကိုယ့်ဘာသာဖတ်ရှုနိုင်ပြီပေါ့။

ဒါ့အပြင် ဒီအကြောင်းနဲ့ပတ်သက်လို့ ဆက်ပြီး မေးမြန်းဆွေးနွေးလိုကြရင် Group လေးတွေအောက်မှာ အချင်းချင်း မေးမြန်းဆွေးနွေးနိုင်ကြတယ်လေ။ သူတို့ပေးတဲ့အကြံတွေ ၊ ပြောဆိုမှုတွေဟာ မှန်တာလည်းရှိမယ် ၊ မမှန်တာလည်းရှိနိုင်ပါတယ်။ ချင့်ယုံကြပေါ့။ ဒါပေမယ့် ဖွင့်ဟ ပြောဆိုနိုင်တဲ့ အဖွဲ့လေးတွေ ရှိနေတဲ့အတွက် ကိုယ်တစ်ယောက်တည်း ခံစားနေရတာမဟုတ်ဘူးလို့ အားရှိလာမှာတော့ မလွဲမသွေပဲလေ။

သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ဆွေးနွေးပြီး Chat လုပ်နိုင်တယ်။ ဓါတ်ပုံတွေလည်း ပို့ပေးလို့ရတယ်။ ဒါ့အပြင် အသံဖိုင် ၊ ဗွီဒီယိုဖိုင်တွေနဲ့ ဖိုင်အမျိုးမျိုးကိုလည်း ပို့ပေးလို့ရတယ်။ အဲဒါတွေအကုန်လုံးကို Burmese App မှာ လုပ်နိုင်ပြီလေ။ ကလေးရဲ့အရွယ်အလိုက် သိသင့်တဲ့အမေးအဖြေတွေနဲ့ Group တွေကိုလည်း နောက်ပိုင်းမှာ ဖွဲ့ပေးသွားမှာဖြစ်ပါတယ်။

Google Play ( https://play.google.com/store/apps/details?id=com.burmeseapp.chat )ကနေ ဒေါင်းလုတ် လုပ်နိုင်သလို Goole Play သုံးလို့ အဆင်မပြေသူတွေက ဒီမှာ( https://docs.google.com/uc?export=download&id=0B5NAb1v6ECVEZFRTeGpsTXlVN3M ) တိုက်ရိုက်ဒေါင်းလုတ် လုပ်လို့ရပါတယ်။

ရည်ရွယ်ချက်က လူငယ် ၊ လူရွယ်တွေ သိလိုတဲ့အရာတွေကို အမှန်အကန်မဟုတ်ဘဲ ဟုတ်ယောင်ယောင် ယုံကြည်မှုမှားပြီး မှားလုပ်မှာ စိုးတာရယ် ၊ ဘဝတူအချင်းချင်း ဆွေးနွေးဖလှယ်လို့ အားပေးနိုင်ကြဖို့ရယ် ၊ ဒီ့ထက်ပိုယုံကြည်နိုင်တဲ့သူဆို အွန်လိုင်းသူငယ်ချင်းအဖြစ်ကနေ တကယ့်သူငယ်ချင်းကောင်းတွေ ဖြစ်သွားဖို့ပါ။ ဥပမာ – ဗိုက်ပြဖို့ ခင်ပွန်းမလိုက်နိုင်ပေမယ့် ဒီ Burmese App (Group Chat) ကနေ ကိုယ်နဲ့နီးစပ်ရာ ကိုယ်ဝန်ဆောင်သည်အချင်းချင်း အဖော်လုပ်ပြီး ဆေးခန်းပြနိုင်တဲ့အခွင့်အရေး ၊ အတူတူလမ်းလျှောက်လေ့ကျင့်ခန်းယူတာ ၊ အတူတူ နှီးနှောဖလှယ်နိုင်ရာကနေ ကိုယ်လည်းအဖော်ရ နောင်မှာ ကိုယ်မွေးတဲ့ ကလေးတွေလည်း အတူတူ တိုင်တိုင်ပင်ပင် ကျောင်းထားနိုင် ၊ ကြီးပြင်းလို့ အဖော်ရသွားတဲ့ အခြေအနေကောင်းတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

Burmese App ကို အခမဲ့ ဒေါင်းလုတ် လုပ်ပြီး သုံးကြည့်ကြပါ။ အဆင်ပြေတာ ၊ မပြေတာတွေကိုလည်း ပြောပြကြဦးနော်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like