နှလုံးသားချဉ်ဖတ်

0

ဘာမှမရှိတဲ့ ငါ့ဘဝ

ငါ့အတွက် ဘာမှမလိုချင်ဘူး။

ဆုတစ်ခုပြည့်ခဲ့မယ်ဆို ….

မင်းကို ပြည်စုံအောင်ထားခွင့်

ငါသာ ရစေ့ချင်တယ်။

ကမ်းတဲ့လက်မှာ ငွေမပါတဲ့အခါ

မိုးကာတဲ့ရင်ခွင် လုံတယ်မထင်တဲ့အခါ

လမ်းကြမ်းလို့ ဖနောင့်နာတယ်ဆိုတဲ့အခါ

မင်းပြောတဲ့ရွှေနားကပ် ငါမဆင်နိုင်တဲ့အခါ

ထမင်းကို ပဲဟင်းကျဲကျဲစမ်းရင်း

ငါ့နှလုံးသား ဆားသိပ်ထားလိုက်တယ်။

သူဌေးရုပ်ပေါက်သူနဲ့ (မင်း) ရွှေရုပ်ကောက်ရပါစေတော့။

ဇူဇူးစံ  (Burmesehearts.com)

You might also like