နှစ်သစ်မင်္ဂလာ

0

သင်္ကြန်စာနဲ့အတာအိုးထိုးရင်းနှစ်သစ်ကြို

ရေသဘင်ပွဲပြီးလို့နှစ်ဆန်းပြီဆိုသော်

အကုန်လုံးက စိတ်သစ်လူသစ်နော်

မရှိလည်း ကုသိုလ်ယူ

ရှိလည်း ပေးငှလှူ

ဘုရားကိုရေသပ္ပါယ်လို့

သတ္တဝါတွေဘေးမဲ့လွှတ်

ဆိုင်ရာပရဝဏ်တွေဆေးကြောပြီး

ဘုရားကျောင်းကန်မှာကုသိုလ်ယူကြပြန်

အမျှဝေသံတွေ ဟိုမှာဒီမှာမစဲ

မပျက်ထုံးတမ်း ချစ်စရာရိုးရာဓလေ့မို့

စိတ်နှလုံးအစုံ နူးညံ့လို့လေ

ဖက်ဆွတ်မိုးကိုနှုတ်ဆက်စို့

နှစ်သစ်မင်္ဂလာပါ မိတ်ဆွေတို့ ……။

ဇူဇူးစံ

You might also like