
နှစ်နာရီပြည့်လို့ နို့တိုက်ရမယ့်အချိန် ကလေးအိပ်ပျော်နေရင် မတိုက်ဘဲထားသင့်သလား?
နှစ်နာရီပြည့်လို့ နို့တိုက်ရမယ့်အချိန်မှာ ကလေးအိပ်ပျော်နေတဲ့တိုင်အောင် နှိုးပြီးတိုက်ရပါမယ်။ ကလေးရဲ့အစာအိမ်ဟာ နုနယ်သေးတော့ အစာမရှိဘဲ အထဲမှာ အစာချေဖျက်စနစ်က အလုပ်လုပ်နေရင် ကလေးရဲ့ နုနယ်တဲ့အစာအိမ်ကို ထိခိုက်မှာစိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လူအိပ်နေပေမယ့် ကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေက သူ့ဟာသူ မနားတမ်း အနှေးနဲ့အမြန်ဆိုသလို အလုပ်လုပ်နေကြတာ မဟုတ်လား။ ကလေးရဲ့ အစာအိမ်က ကလေးအိပ်နေလို့ အလုပ်မလုပ်ဘဲ ငြိမ်နေတာမဟုတ်ဘူးလေ။