
ကြက်ပြုတ်ရည်နဲ့ ကြက်သား ဘယ်ဟာကပိုအာဟာရပြည့်မလဲ?
ကြက်ပြုတ်ရည်နဲ့ ကြက်သား ဘယ်ဟာကပိုအာဟာရပြည့်မလဲဆိုရင် မူရင်းအာဟာဖြစ်စေတဲ့ ကြက်သားကို အရသာရှိရှိ ပြုတ်လိုက်လို့သာ ကြက်ပြုတ်ရည်ရရှိတာမို့ အာဟာရ စုနေတာ ကြက်သားမှာ ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်က ပိုအာဟာရရှိတယ်ဆိုပြီး ပြုတ်ထားတဲ့ ကြက်သားမစားဘဲ ကြက်ပြုတ်ရည်ကိုပဲ ကိုယ်ဝန်ဆောင်မိခင် ၊ ကလေးနို့တိုက်မိခင်နဲ့ နလန်ထစ ကလေးငယ်တွေကို တိုက်ကျွေးရင် ကြက်ပြုတ်ရည်နဲ့ ကြက်သား နှစ်ခုလုံးစားတဲ့ အာဟာရဓါတ်လောက် မရနိုင်ပါဘူး။
လူမမာရဲ့ အစာအိမ်က ဆန်နဲ့အခြားအစာမာမာတွေကို ကောင်းကောင်း အစာမချက်နိုင်လို့ ဒီလိုကာလမှာ မြန်မြန်အစာကျေပြီး များများနဲ့ခဏခဏ စားနိုင်မယ့် မြူစွမ်လိုမျိုး ၊ စွပ်ပြုတ်လိုမျိုးတွေကို လူမမာတွေစားသောက်ဖို့ ၊ နလန်ထတွေစားသောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားတာဖြစ်ပါတယ်။
ကောင်းကောင်း အစာချေဖျက်နိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ၊ မီးနေသည်တွေ ၊ နို့တိုက်ကလေးမိခင်တွေနဲ့ နလန်ထစကလေးငယ်တွေကို စွပ်ပြုတ်လုပ်တိုက်ရင် အသားရော စွပ်ပြုတ်ရည် နှစ်ခုစလုံးကို စားသောက်စေရပါမှ အာဟာရဓါတ်ပိုပြီး ပြည့်ပြည့်ဝဝရရှိမှာ ဖြစ်ပါတယ်။