
ကြက်ဥ ၊ ဘဲဥ နှင့် ဥအမျိုးမျိုးတွေကို ဘာကြောင့် ကျက်အောင် ချက်ပြုတ်ကြော်လှော်ပြီးမှ စားသင့်သလဲ?
ကိုယ်ဝန်ဆောင်သည်များသည် ကြက်ဥ ၊ ဘဲဥ အစရှိသော ဥများအား စားသောက်ရာတွင် လုံးဝကျက်သွားသည်အထိ ချက်ပြုတ်စားသောက်ရမည်။ ထိုကဲ့သို့ လုံးဝကျက်သွားသည်အထိ ချက်ပြုတ်စားသောက်ခြင်းမပြုဘဲ မကျက်တကျက် ချက်ပြုတ်ကြော်လှော် စားသောက်ခြင်း ၊ အစိမ်းသောက်ခြင်းတို့ကို လုံးဝ ရှောင်ကြဉ်သင့်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဥအမျိုးမျိုးတို့အား အစိမ်းစားခြင်းနှင့် မကျက်တကျက် စားခြင်းတို့သည် ကိုယ်ဝန်ဆောင်သည်အား အစာအဆိပ်သင့်စေခြင်း ၊ ဥအတွင်းရှိ ပိုးမွှားများကြောင့် ဖျားနာခြင်း ၊ အန်ခြင်း နှင့် ဝမ်းသွားခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်
ထို့ကြောင့် မိမိအိမ်၌သော်လည်းကောင်း ၊ စားသောက်ဆိုင်နှင့် အလှူများတွင်သော်လည်းကောင်း ဥအမျိုးမျိုးပါဝင်နိုင်သော အစားအသောက် ၊ အသုတ် အစရှိသည်တို့တွင် ကြက်ဥကို လုံးဝကျက်သည်အထိ ချက်ပြုတ်ထားခြင်းရှိ ၊ မရှိ စိစစ်ပြီးမှ စားသောက်သင့်ပေသည်။