
မြန်မာကြက်ဥနဲ့ မွေးမြူရေးကြက်ဥ ဘယ်ဥက ပိုလို့ အားဖြစ်စေသလဲ?
မြန်မာကြက်ဥနဲ့ မွေးမြူရေးကြက်ဥ ဘယ်ဥက ပိုလို့ အားဖြစ်စေသလဲဆိုရင် အလေးချိန်ကိုပဲ ဦးစားပေးရမှာဖြစ်ပါတယ်။ ကြီးတဲ့ဥက အာဟာရဓါတ်ပိုပါဝင်တာမို့ အာဟာရပိုဖြစ်ပြီး သေးတဲ့ဥက အာဟာရဓါတ်နည်းလို့ အာဟာရနည်းနည်းပဲရမှာဖြစ်ပါတယ်။ မြန်မာကြက်ဥက ပိုအာဟာရဖြစ်တယ်ဆိုတဲ့ အယူအဆ မမှန်ပါဘူး။ မွေးမြူရေးကြက်ဥချင်းအတူတူမှာ အာဟာရဓါတ်ပြည့်ပြည့်ဝဝကျွေးပြီး မွေးမြူတဲ့ကြက်တွေ ဥတဲ့ ဥတွေက ပိုအာဟာရဓါတ်ပြည့်ဝမှာ ဖြစ်ပါတယ်။