မွေးကင်းစကလေးရဲ့ ခြေ ၊ လက်တွေဟာ ဘာကြောင့် မဖြောင့်သေးတာလဲ?

0

မွေးကင်းစကလေးရဲ့ ခြေလက်တွေဟာ မဖြောင့်သေးဘဲ ကောက်ကောက်လေးရှိနေမှာပါ။ ဒါဟာ မွေးကင်းကလေးတိုင်းလိုလိုပဲလေ။ ဘာဖြစ်လို့ ဒီလို ကောက်ကောက်လေး ဖြစ်နေရသလဲဆိုတော့ အမေ့ဝမ်းထဲမှာ ခွေခေါက်ပြီး ကျဉ်းကျဉ်းကျပ်ကျပ် နေခဲ့ရတဲ့ အချိန်ကြာခဲ့လို့ပါ။ အပြင်လောကနဲ့ အသားကျလာတဲ့အခါ ခြေလက်လေးတွေလည်း သူ့ဘာသာသူ ပြန်ဆန့်လာမှာပါ။ ရေချိုး ၊ အဝတ်လဲပြီးတဲ့အခါ ကလေးကို ဒူးကွေး ဒူးဆန့် ၊ လက်ကွေး ၊ လက်ဆန့် နူးနူးညံ့ညံ့ လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။

You might also like
Leave a comment