မွေးကင်းစကလေးငယ်တွေ ဘယ်နှစ်ကြိမ် နို့စို့တတ်သလဲ?

0

မွေးကင်းစကလေးဟာ နို့ကတော့ တွင်တွင်စို့နေမှာဖြစ်ပါတယ်။ ပြီးရင် အိပ်မယ်ပေါ့။ အရင်ပို့စ်တွေမှာဆိုထားပြီးဖြစ်သလို သူ့တနေ့တာရဲ့ သုံးပုံ နှစ်ပုံကို အိပ်စက်ရင်း သူဟာ ကုန်ဆုံးစေမှာဖြစ်ပါတယ်။

မွေးပြီး ပထမရက်သတ္တပတ်အတွင်းမှာ ကလေးဟာ တစ်နေ့ကို (၈)ကြိမ်ကနေ (၁၅)ကြိမ်အထိ နို့စို့နိုင်ပါတယ်။ ဒုတိယရက်သတ္တပတ်အတွင်းမှာတော့ (၆)ကြိမ်ကနေ (၈)ကြိမ်အထိ နို့စို့မှာဖြစ်ပြီး နို့ကို ခပ်များများ စို့နိုင်လာပြီပေါ့။ မိခင်နို့စို့တဲ့ကလေးတွေဟာ နို့ဗူးသောက်စို့တဲ့ကလေးတွေထက် နို့စို့ဖို့တောင်းဆိုတဲ့ အကြိမ်အရေအတွက် များမှာဖြစ်ပါတယ်။

မွေးပြီး ပထမ(၂၄)နာရီအတွင်းမှာ ကလေးဟာ (၁၆)နာရီကနေ (၁၇)နာရီအတွင်း အိပ်စက်ပြီး နိုးလိုက် နို့စို့လိုက် ၊ ပြန်အိပ်လိုက်မို့ မိခင်ကိုယ်တိုင်လည်း သူနိုးတိုင်း အိပ်ရေးပျက် ၊ အလုပ်အကိုင် ပျက်ရမှာပေါ့။

ဒါပေမယ့် ရက်သတ္တပတ် ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်းမှာတော့ သူနို့စို့တဲ့ အကြိမ်အရေအတွက်နဲ့ အိပ်တဲ့အကြိမ်အရေအတွက် ပုံစံပြောင်းလာမှာ ဖြစ်ပေမယ့် မွေးကင်းစကနေ လအနည်းငယ်အထိ ကလေးငယ်တွေဟာ နေ့နဲ့ည ခွဲခြားအိပ်ရမယ့် ပုံစံကို နားမလည်နိုင်သေးပါဘူး။

You might also like
Leave a comment