အယူအဆအမှားတွေကို ဘယ်လိုတိုက်ထုတ်ရမလဲ?

0

ဆေးဝါးကုသရာမှာဘာရောဂါအတွက် ဘာဆေးသောက်လို့ တခါတည်း မှာကြားလို့ရပေမယ့် အယူအဆလွဲမှားမှုကိုတော့ ဘာကြောင့်ဒီအယူအဆမှားတယ် ၊ အယူအဆအမှန်က ဘယ်ဟာဆိုတာကို ယုံကြည်လက်ခံလာတဲ့အထိ ရှင်းပြရမှာဖြစ်ပါတယ်။ ဒီလိုရှင်းပြပေမယ့်လည်း ကိုယ်တိုင်က အယူအဆအမှားကို မစွန့်ပစ်ဘဲ ဆက်လက်စွဲကိုင်ထားမယ်ဆိုရင် သူမစွန့်ပစ်သရွေ့ အရာမရောက်ပါဘူး။ မိမိယုံကြည်တာအမှား တခြားလူရှင်းပြတာအမှန်လို့ လက်ခံပြီဆိုပါစို့ ၊ အဲဒါကို လက်တွေ့ကျင့်သုံးရမှာဖြစ်ပါတယ်။

စာဖတ်ပြီး စာထဲက အယူအဆ ကိုယ့်ဦးနှောက်ထဲရောက်မလာရင် ၊ အဲဒီအယူအဆအမှန်ကို လက်မခံ ၊ မကျင့်သုံးရင်လည်း ဘယ်လောက်ကောင်းတဲ့စာဖတ်ဖတ် မိမိအတွက် အကျိုးရှိအောင် အသုံးချနိုင်မှာ မဟုတ်ပါဘူး။

You might also like
Leave a comment