
အမျိုးသမီးတွေအတွက် ရာသီမှန် ၊ မမှန် ဘာကြောင့် သတိထားသင့်သလဲ?
ကလေးလိုချင်လို့ပဲဖြစ်ဖြစ် မလိုချင်လို့ပဲဖြစ်ဖြစ် ၊ အမျိုးသားနှင့် အတူနေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် ဓမ္မတာပေါ်နေသော အရွယ်ရောက် အမျိုးသမီးတိုင်းသည် မိမိတို့၏ ကျန်းမာရေးအတွက် ဓမ္မတာ မှန် ၊ မမှန် ကိုတော့ သတိထားသင့်သည်။ထိုမှသာ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများမှ ရှောင်ကြဉ်နိုင်ကြပေမည်ဖြစ်သလို မိမိ၏ကျန်းမာရေးအားလည်း မချိန်မလွန်ခင် ကုသနိုင်မည်ဖြစ်သည်။