အတူမှားခဲ့ဖူးတယ်

0

ဟိုဟာဒီဟာ လက်ညှိုးမထိုးရင်

မင်းပြောခဲ့တဲ့ “ကံ” ဟာ ဒို့လုပ်ရပ်ပါ။

ကံမကောင်းလို့ ကွဲခဲ့တာမဟုတ်ဘဲ

ဒို့မကောင်းလို့ ကွဲခဲ့ကြတယ်မှတ်ရုံပေါ့။

အမှားတွေအများကြီးထဲမှာ အမှားဆုံးကနင်နဲ့ငါပါ။

ချစ်ခဲ့တာအမှားမဟုတ်ပေမယ့်

တို့အချစ်မမြဲခဲ့တာ ဒို့ကိုယ်စီရဲ့အမှား …….

ဘယ်သူ့မှအပြစ်မတင်ကြေးဆို

ဒို့ကိုယ်ဒို့ အပြစ်တင်ကြရုံပေါ့။

ဝန်ခံလိုက်ကြပါစို့ … တို့နှစ်ယောက်လုံးမှားခဲ့တယ်။

ဇူဇူးစံ (Burmesehearts.com)

You might also like