သင်္ကြန်ပွဲ

0

မိုးသောက်တာနဲ့မြေသင်းရနံ့လေးကကြို

ကလေးလူကြီး ပျိုပျိုအိုအိုပျော်တဲ့ပွဲတော်

ငြိမ်းချမ်းသူတို့ ကုသိုလ်ယူကြတဲ့ပွဲတော်

စတားမဟုတ်ပေမယ့် စတိုင်လုပ်ကြတဲ့ပွဲတော်

သူစိမ်းတွေကလူရင်းတွေလို ဖက်လှဲတကင်းရှိတဲ့ပွဲတော်

နွေခေါင်ခေါင်မှာ ရေစိုစိုပျော်တပြုံးပြုံး

အိုးမည်းသုတ်လည်း ပျော်တာပဲ

ခွက်စုတ်ပက်လည်း ပျော်တာပဲ

ဂမ်းနဲ့ထိုးလည်း ပျော်တာပဲ

မီးသတ်ပိုက်လည်း လာထားပဲ

ဘာတီးလုံးဖြစ်ဖြစ် ကတဲ့ပွဲ

စတုဒီသာဆိုလည်း အားမနာတမ်းဆွဲ

မြန်မာတွေနွှဲတဲ့ သင်္ကြန်ပွဲ

တနှစ်လုံးမှာ အပျော်ဆုံးပွဲ …..

ဇူဇူးစံ

You might also like