လွမ်းချင်း

0

မင်းရင်ထဲမှာ ငါရှိသေးလား

ငါ့ရင်ဘတ်က မင်းကိုတမ်းတ

ပြောလို့မဖြစ်တဲ့ အတွင်းဒဏ်ရာ

တစ်ယောက်တည်း အထီးကျန်ဆန်ဆန်

တို့အတိတ်ထဲ သာယာပြီးလမ်းမှောက်

အခုရောက်နေတာ ငါ့နေရာမဟုတ်သလိုပဲ။

ပျော်ရာမနေ တော်ရာနေဆိုစကား

ငါ့အတွက်မှားနေပါပေါ့လား။

တော်တော်ပြည့်စုံလဲငါမနေနိုင်

မင်းကလဲငါနဲ့မပျော်နိုင်။

ဘ-၀ ဟာ ငါ့အတွက် အနှစ်မဲ့သာသာ။

ဆိတ်ငြိမ်သံတွေနားထောင်ရင်း

ငါ့ရင်ထဲကစကားသံပြန်ကြား

မမှားဘူးကွာ(မင်းကိုငါအရမ်းချစ်တာ)

လွန်နေတဲ့ဆက်ထုံး ဆွဲဖြည်လဲပြတ်ပြီးသားပဲ။

ဟုတ်တယ်…မင်းနဲ့ငါပြတ်ပြီးသားပဲ။

ဇတ်လမ်းဆိုလဲ ပြီးခဲ့ပြီ။

မင်းနဲ့ငါ (လုံးဝ) ပြတ်ခဲ့ပြီ။

ရေမြေတွေ ခြားခဲ့ပြီ။

စွဲလမ်းမှုက ဆွေးခဲ့ပြီ။

မင်းနဲ့ငါက ဝေးခဲ့ပြီ။

Yeah…….. ငါတို့တကယ်ဝေးခဲ့ပြီ။

ဇူဇူးစံ  (Burmesehearts.com)

You might also like