လူတွေလုပ်တဲ့ခေတ်

0

နို့မှုန့်တွေနဲ့ကြီးပြင်း

ကာတွန်းတွေနဲ့ပျော်စေကာ

ဂိမ်းတွေအစားထိုးလာ

Love U ဆိုတဲ့ Message တွေ

မွ မွ ဆိုတဲ့ လေထဲကအနမ်းတွေ

ခံစားချက်တွေအေးစက်

တရားခံက ဘယ်သူလဲ …. ????

 

Stress တွေအောက် ပျော်စရာရှာရင်း

ဒီပျော်စရာအတွက် ငွေလိုတဲ့အခါ

ငါ့နောက်မလိုက်တဲ့ ငွေရဲ့နောက်

တကောက်ကောက် ငါလိုက်ရင်း

ပျော်စရာဖွေရှာ

အိပ်ချိန်တောင် အိမ်မက်တွေမငြိမ်းချမ်းပါလား

ဒီတရားခံ ဘယ်သူလဲ ……. ????

 

တအိပ်ယာထဲအိပ်သူနဲ့ တအိမ်ထဲနေသူ

ဒီလူတွေကို ဖုန်းထဲကစကားပြော

လူချင်းတွေ့တော့ မောလှပြီ

စနောက်ပြောချင်စိတ်လဲ မရှိတော့ပြီ

စိတ်တွေကုန်ခမ်းနေပြီ

(သို့ပေမယ့်)

လုပ်စရာတွေကတန်းစီ

အလုပ်က Stress ၊ အိမ်က Stress

မိသားစု Stress ၊ ငါ့ရဲ့ Stress

ဒီ Stress တွေရဲ့ တရားခံဘယ်သူလဲ  ……. ????

 

အေးစက်စက် တိုးတက်တဲ့ခေတ်

ရင်ထဲကပျော်စရာပျောက်ပြီးအပြင်မှာအပျော်ရှာရတဲ့ခေတ်

မိသားစုနွေးထွေးမှုပျောက်ပြီး အာမခံချက်တွေဝယ်ရတဲ့ခေတ်

စုပေါင်းကစားဖို့ထက် Online Game မှာ ပျော်နေတဲ့ခေတ်

အချိန်ပေးဂရုစိုက်ဖို့ထက် အချိန်ပြည့်အလုပ်ဆင်းရတဲ့ခေတ်

သားသမီးတွေ ကိုယ်တိုင်ဆုံးမလမ်းပြဖို့ထက်

ငွေနိုင်ရာကျောင်း ဝကွက်အပ်ရတဲ့ခေတ်

တိုးတက်နေတယ်ဆိုတဲ့ခေတ်

စိတ်ဓါတ်တွေအတ္တဆန်တဲ့ခေတ်

နွေးထွေးမှုတွေ ဖွေရှာရင်း

အေးစက်မှုသာ ခံစားရတဲ့ခေတ်

ဒီခေတ်ရဲ့တရားခံ ဘယ်သူလဲ  ……. ????

ဇူဇူးစံ (Burmesehearts.com)

You might also like