လူကောင်းသူကောင်း

0

လုံ့လမရော့

ဝီရိယမြဲ

စိတ်ဓာတ်ကျလည်း

ဇွဲခွန်အားကဲ

စိတ်ထွက်ပေါက်မှန်သူ………။

နာယူမှတ်သား

အမှားပြင်ရင်း

အမှန်ကြိုးစား

ကံနှင့်အလုပ်

ခွဲခြားပြီးသိသူ………။

မလိုမုန်းပွား

အမျက်မထား

မိစ္ဆိယကင်း

စိတ်နှလုံးရှင်း

တာဝန်လဲသိသူ………..။

ဝေဖန်သုံးသပ်

သဘောထားမြတ်

ခွင့်လွှတ်နားလည်

အားငယ်ဖေးကူ

ထူဖို့အသင့်ရှိသူ……….။

ညှဉ်းပန်းခြင်းကင်း

ပြစ်တင်ငြှိုးမှတ်

ချောင်ပိတ်မရိုက်

ချီးမြှောက်ထိုက်လဲ

ချီးမြှောက်တတ်သူ……။

အမှန်ပြောစကား

ဤသူမြတ်အား

ဝန်းရံကာနေ

ကမ္ဘာမြေ…… အသင်လုံခြုံပါစေသား။

ဇူဇူးစံ  (Burmesehearts.com)

You might also like