လိုင်းပေါ်မှာချစ်မြဲ … ချစ်သူ

0

ခေတ်အဆက်ဆက် ရည်းစားကွဲတာမဆန်းဘူးတဲ့

ကွဲသွားတဲ့ရည်းစားနဲ့ ပတ်သက်နေတာဆန်းတယ်

နာစရာရှာရင်တွေ့ပါရက် နာရခက်တဲ့ရင်မယ်

အသစ်လည်းမရှာ အဟောင်းလည်းမမေ့

သူတွဲနေတာတွေ့ပါလျက် ဘာမှမဖြစ်သလိုရှေ့ဆက်

ဒေါင်ဒေါင်မမြည်တဲ့အသည်း ရင်ထဲမှာကြိတ်လို့ငို

လိုင်းပေါ်က ထိုထိုပုံတွေကြောင့်

သူမကိုဖယ်ခွါကြည့် သူကငါမပိုင်တော့ပြီပဲ ….

Unfriend လုပ်ဖို့လည်း စိတ်မရဲပါဘူး

Unfollow လုပ်ရင် ခံစားရသက်သာမှာသိပေမယ့်

နေ့စဉ်သူ့ဇယားတွေ ကြည့်ချင်တဲ့စိတ်ကြောင့်ခက်

မက်စရာမရှိတော့တဲ့ Online ပတ်သက်မှုထဲ

လူမသိအောင်ချစ်နေဆဲ

ချစ်မြဲ … ချစ်ဆဲ ဒီတစ်ယောက်တည်းပဲလေ။

ဇူဇူးစံ (Burmesehearts.com)

You might also like