ရန်ကုန်လေဆိပ်မှသမိုင်းသစ်

0

ရင်ထဲမှာလေးလံ

စိတ်တွေလည်းနောက်ကျိ

ရှင်သန်ထမြောက်ဖို့ဆန္ဒတွေ

ဖြစ်မလာနိုင်မှန်းသိပေမယ့်

ဘာထူးမလဲသတင်းမျှော်

နာရီလက်တံတွေနော်

နှုတ်ဆွံ့အသွားအောင်မင်သက်မိလို့

ဘာကြောင့်ဆို … Hero နှစ်ဦးဆုံးသွားလို့

တန်ဖိုးရှိသူကို တန်ဖိုးမဲ့သူလုပ်ကြံလို့

မြေးချီထားသူကိုသေနတ်တေ့ပြီးပစ်ခဲ့လို့

လက်နက်ကိုင်ကို ခဲကိုင်ပြီးအသက်စွန့်သူကြောင့်

ငါ့ရင်ထဲမှာလေးနေတယ်

အံကြိတ်ပြီးမခံချိမခံသာနဲ့

ရက်စွဲပြောင်းတဲ့စာတစ ခပ်တိုးတိုးရွတ်ဆို

မျက်ရည်သွန်လို့ဘဝင်ညှိုး

ဇန် န ဝါ ရီ  ၂၉

သမိုင်းဆိုးတို့ရဲ့အမွေ

သူတို့ပေးဆပ်ခဲ့သလေ

ပြည်သူတို့မှာ ရတက်ပွေ

ရန်ကုန်လေဆိပ်မှာ သမိုင်းသစ်တွင်ပလေ။

ဇူဇူးစံ (Burmesehearts.com)

You might also like