မကြွေတော့တဲ့မျက်ရည်

0

အတိတ်ကိုအလည်ရောက်တော့

ဝဲခိုလာတဲ့မျက်ရည်စတွေပုတ်ခတ်သိမ်းလို့

ပတ်ဝန်းကျင်ဝေ့ဝိုက်ကြည့်မိတယ်

အနားမှာနင်မရှိတော့ပြီပဲ။

သွေးအေးသွားတဲ့ချစ်သူရေ…..

အဆင်ပြေပါရဲ့လား

ငါမဟုတ်တဲ့လက်တစုံကို

စိတ်အေးသက်သာစွာဆက်တွဲပါ။

နစ်နာခဲ့သူမှာမျက်ရည်စတွေနဲ့

စိတ်ခံစားမှုကို စိတ်နဲ့ပဲပြန်ထိန်းလိုက်တယ်

ဒီမျက်ရည်မကြွေဆင်းတော့ပြီဘဲ

ငါ့ခံစားချက်တွေရင့်ကျက်ခဲ့ပြီလေ။

ဇူဇူးစံ (Burmesehearts.com)

You might also like