
မီးဖွားပြီးစမိခင်ဟာ ဘာကြောင့် ခင်ပွန်းဖြစ်သူရဲ့ပံပိုးမှုကို အလိုအပ်ဆုံးအချိန်ဖြစ်သလဲ?
ဆယ်လတာနီးပါး လွယ်လာတုန်းက တရိပ်ရိပ်ပြောင်းလဲခဲ့တဲ့ ဇနီးရဲ့ကိုယ်တွင်းက ဟော်မုန်းတွေဟာ မီးဖွားပြီးတာနဲ့ တမဟုတ်ချင်းပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့လို့ သူမဟာ စိတ်ပြောင်းလဲမှုတွေ ဖြစ်လာပါမယ်။ မလိုအပ်ဘဲလည်း ဝမ်းနည်းငိုကြွေးနေနိုင်သလို စိတ်ဓါတ်ကျ စိတ်ဖိစီးမှုတွေလည်း ဖြစ်နေနိုင်ပါတယ်။
ဒါဟာ သူမကိုယ်တိုင် ဖြစ်ချင်လို့ဖြစ်နေတာမဟုတ်ဘဲ သူမကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ထိလွယ်ရှလွယ် ခံစားမှုတွေ ဖြစ်နေတာပါ။ သူမဟာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အပြောင်းအလဲမှာ စိတ်ခက်ထန်ကြမ်းတမ်းမှုတွေလည်း ဖြစ်နေနိုင်ပါတယ်။ သူမရဲ့ စိတ်ပြောင်းလဲ ခံစားမှုတွေကို နားလည်မှုပေးသင့်တယ်။