မမှားခဲ့တဲ့အမှား

0

ကန္တာရထဲက ငါးကလေးလို

နေမထိတဲ့အပင်တွေလို

လမရှိတဲ့ညမိုက်လို

နင်မရှိတဲ့ငါ့ရင်ခွင်ဟာ

ကျိန်စာသင့်နေတာ။

နေဝင်မိုးသောက် ထခေါက်လိုက်တိုင်း

ညည်းတွားမိတာ အသည်းကွဲသံစဉ်

မင်းမှားတယ်ပြောခဲ့သော

ငါမမှားခဲ့တာတွေအတွက်

ပြန်ပြင်လို့ရရင် ပြင်လိုက်ချင်ရဲ့

မင့်အနားနေချင်ရုံသက်သက်။

ဇူဇူးစံ

You might also like