မခိုင်မြဲတဲ့အချစ်

0

အချိန်နဲ့အမျှ တိုးချစ်သွားမယ် .. ဆို

ရပ်တန့်မနေတဲ့အချိန်တွေထဲ

ဘာကြောင့် တို့အချစ်ရပ်တန့်သွားခဲ့သလဲ။

 

ဘယ်သူဖျက်ဖျက် ဆက်ချစ်သွားမယ် ..ဆို

ဘယ်သူမှမဖျက်ဘဲ

ဘာကြောင့် တို့ကတိပျက်သွားခဲ့သလဲ။

 

ဘာတွေဖြစ်ဖြစ် လက်တွဲမြဲမယ် .. ဆို

ကြီးမားတဲ့အကြောင်းမရှိဘဲ

တို့လက်တွဲမမြဲခဲ့ပါလား။

 

ခိုင်မြဲမယ်ထင်ခဲ့တဲ့အချစ်

ဖျော့တော့သွားတဲ့အလွမ်း

မရနိုင်တော့တဲ့အနမ်းတွေရဲ့နောက်မှာ

အသည်းတခုကြွေသွားတယ်

သူရောက်လေရာမှာ ပျော်နိုင်ပါစေ။

ဇူဇူးစံ (Burmesehearts.com)

You might also like
Leave a comment