ဘာကြောင့် ကိုယ်ဝန်ဆောင်သည်တွေ လက်ကို မကြာခဏစင်ကြယ်စွာ ဆေးကြောသင့်သလဲ?

0

ကိုယ်ဝန်ဆောင်သည်များ ရံဖန်ရံခါဆိုသလို လက်ကို စင်ကြယ်စွာ ဆေးကြောသင့်သည်။ မစင်ကြယ်သောလက်မှသည် ရောဂါပိုးမွှားများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ မိမိလွယ်ထားသော နုနယ်သည့် ဖွံဖြိုးဆဲ သန္ဓေသားကို အသက်သေစေသည်အထိ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ရေအိမ်သွားပြီးချိန်တွင်သော်လည်းကောင်း ၊ သားငါးများ ကိုင်ပြီးလျှင်သော်လည်းကောင်း လက်များကို သန့်စင်အောင် ဂရုတစိုက် ဆေးကြောပေးသင့်သည်။

You might also like
Leave a comment