
ဗိုက်နာတဲ့ခံစားမှု သက်သာအောင် လုပ်လို့ရသလား?
ဗိုက်နာသက်သာနိုင်ဖို့ သူတို့ပေးတဲ့ Entonox လို့ခေါ်တဲ့ ဂက်စ်ကို နာလာလိုက် ရှူလိုက်လုပ်လို့ရပေမယ့် ဒါဟာ အနာစိတ်မနေတဲ့အချိန်မှာပဲ အသုံးဝင်ပါတယ် အနာစိတ်လာရင်တော့ တရစပ်ဆိုသလို ခံစားနေရသလို ဖြစ်တာမို့ Entonox ဂက်စ် ရှူဖို့ အချိန်မရှိသလောက်ပါပဲ။
နောက်တမျိုးက မီးဖွားစဉ် ဗိုက်နာသက်သာအောင် ကျောရိုးကနေ ထိုးသုံးရတဲ့ (Epidual) ကို သုံးလို့ရပါတယ်။ ဒါသုံးရင်တော့ ဗိုက်နာတာကို သိပ်မခံစာရတာမို့ မွေးလူနာက ညှစ်အားကောင်းကောင်းနဲ့ အားမထုတ်တာကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီတော့ မီးဖွားချိန်ကြာလာတာပေါ့။