နံရံခြားထားသောအချစ်

0

ကြင်နာမှုဆိုတာ ခံစားဖူးမှနူးညံ့တာ

ပစ်ပယ်မှုကတော့ ခံရအခက်ဆုံးပဲ

နွေးထွေးမှုဆိုတာ လက်ဖျားကတဆင့်ခံစားနိုင်သလား

အေးစက်စက်အပြုအမူတွေနဲ့တော့ ငါကျင့်သားရခဲ့ပြီ

လှပတဲ့သူ့အပြုံး ငါမမြင်ဖူးပေမယ့်

သူပြုံးလိုက်တိုင်း စိုးရိမ်ထိတ်လန့်ဖူးတယ်

အိမ်မက်ထဲအလည်လာပါ ငါခေါ်လေတိုင်း

ကျောခိုင်းထားသူကြောင့် ခြောက်ခြားစွာနိုးထခဲ့ရဆဲ

မဝင်ဖူးတဲ့ဒီရင်ခွင်က မနှင်ဘဲထွက်မသွားပါနဲ့

ချစ်ရသူမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့လေ။

ဇူဇူးစံ (Burmesehearts.com)

You might also like