တလွဲသုံး

0

ပုံမှန်လူဖြစ်ဖို့ တစ်ချို့ကြိုးစားခိုက်

ပုံမှန်လူတချို့ Suicide လုပ်ကြတယ်။

မမြင်သူတွေ ပန်းချီဆွဲနေခိုက်

မြင်နေသူတွေ တိုက်ပွဲဖြစ်ကြတယ်။

လက်မဲ့ခြေမဲ့တွေ ၀ီရိယစိုက်နေခိုက်

ခြေလက်စုံသူတွေ ကောက်ကျစ်နေကြတယ်။

လူမမာတွေ အသက်လုနေခိုက်

လူတကာနီးပါး စိတ်ဓာတ်ပျက်ပြားနေကြတယ်။

အာရုံတွေလွဲနေတော့

အဖြေတွေ လွဲပြီးရင်းလွဲ

တို့တွေလဲ ဖြစ်သင့်တာနဲ့လွဲကြရတယ်။

ဇူဇူးစံ  (Burmesehearts.com)

You might also like