တဘက်သတ်အချစ်

0

မျက်စိရှေ့မှာ လူတွေအများကြီးလှုပ်ရှားဆဲ

ကိုယ်မြင်ချင်တာတော့့ တစ်ယောက်တည်း

သူဟာ … ကိုယ့်အနားမရှိသူ။

ချစ်စရာကောင်းသူတွေ အများကြီးရှိနေဆဲ

ကိုယ်ချစ်ချင်သူက တစ်ယောက်တည်း

သူဟာ …. ကိုယ့်ကိုမချစ်သူ။

လက်မခံသူကိုမှ ပေးဆပ်ချင်မိ

ကျောခိုင်းသူကိုမှ လက်ကမ်းနေမိ

မလာမှန်းသိပေမယ့် မျှော်နေမိ

ချစ်နေရုံနဲ့ကျေနပ်တယ်

မဆိုင်သူတဖြစ်လည်း ချစ်သူမယ်။

ဇူဇူးစံ (Burmesehearts.com)

You might also like