
စိတ်ချရသောရက်တွေဆိုတာဘာလဲ?
စိတ်ချရတဲ့ရက်တွေဆိုတာ အမျိုးသားနဲ့ အမျိုးသမီး အတူစပ်ယှက်ပေမယ့် ကိုယ်ဝန်မရနိုင်တဲ့ နေ့တွေကို ဆိုလိုခြင်းဖြစ်သည်။ အမျိုးသား၏သုတ်သည် အမျိုးသမီး၏ မမျိုးဥနှင့် တွေ့ပါမှ သန္ဓေအောင်ခြင်း (ကလေးရခြင်း)ဖြစ်နိုင်ရာ စိတ်ချရသောရက်များအား တွက်ချက်ရာတွင် မမျိုးဥ ကြွေနိုင်သည့် အချိန်များကို အဓိကထား တွက်ချက်ခြင်းဖြစ်သည်။