ခွင့်ပြုပေးပါ

0

opp

တကြိမ်လောက်တော့

မင်းလက်ကလေး ကိုင်ဆုပ်ခွင့်ရချင်တယ်

တကြိမ်လောက်တော့

မင်းပုခုံးထက် မှေးမီချင်သေးတယ်

တကြိမ်လောက်တော့

မင်းဆံနွယ်တွေ ဖွဖွနမ်းခွင့်ရချင်တယ်

တကြိမ်လောက်တော့

ရင်ချင်းအပ်ပြီး ဖက်ထားခွင့်ရချင်တယ်

အကြည့်တွေမဆုံချင်နေပါ

စကားတွေမပြောချင်နေပါ

တို့ရဲ့ဆိတ်ငြိမ်သောချစ်ခြင်းကို

နောက်ဆုံးတကြိမ်တော့ ခံစားခွင့်ရချင်လို့ပါ။

ဇူဇူးစံ (Burmesehearts.com)

You might also like