“ချစ်သူများနေ့”

0

ချစ်သူနဲ့ ကြည်ရွှင်သူတွေရွှင်

လက်ဆောင်တွေဖလှယ်လို့

အချစ်ရဲ့အဓိပ္ပါယ် ပိုလေးနက်အောင်

နှစ်ဦးသားအဖြေထုတ်ကြ

“Valentine’s Day” ကျရောက်ပါပေါ့လား …..

မစွံသေးဘူးလားဆိုတဲ့စကားတွေမှာ သိမ်ငယ်ရတဲ့နေ့

အဖော်မဲ့သူတွေ လွမ်းဆွတ်ရတဲ့နေ့

အဖော်ပျက်သူတွေ တမ်းတမိတဲ့နေ့

အိမ်ထောင်သည်တွေနဲ့ မဆိုင်သလိုဖြစ်သွားတဲ့နေ့

“ချစ်သူများနေ့” တဲ့လေ ….

ခင်ပွန်းက အိမ်သူအတွက်

ပန်းလေးတပွင့်လောက်ယူလာရင်ကောင်းမယ်

ကလေးအတွက် ချောကလက်

မိန်းမအတွက် အသုပ်တထုပ်တော့ဆွဲခဲ့ပေးပါ။

ချစ်သူများနေ့မို့ တမိသားစုလုံး

ချစ်ခင်မှုနဲ့ ပျော်ပါးခွင့်ရရင်ကောင်းမယ်

ဒီဆန္ဒတွေ အကောင်အထည်ပေါ်တဲ့နေ့

ချစ်သူများနေ့ဟာ ပိုအသက်ဝင်လို့တောက်ပမယ်။

ဇူဇူးစံ (Burmesehearts.com)

You might also like