ချစ်ပုံပြင်

0

မျက်နှာချင်းဆိုင်မိန်းမောရင်း

အချိန်တွေမေ့ခဲ့ဖူးတယ်

လက်ချင်းတင်းတင်းဆုပ်လို့

ပျော်စရာတွေဖန်တီးခဲ့ဖူးတယ်

ထွက်သွားတဲ့ကျောပြင်ငေးကြည့်ရင်း

မျက်ရည်တွင်တွင်ကျခဲ့ဖူးတယ်

ဝေးသွားတဲ့အချိန်တွေကို

မျှော်လင့်ချက်နဲ့ဆက်ခဲ့တယ်

ပြန်မဆုံသူနှစ်ဦးအတွက် ကံကိုပဲအပြစ်တင်မယ်

ချစ်သူ …. မင်းပျော်ပါစေ။

ဇူဇူးစံ (Burmesehearts.com)

You might also like