ချစ်ခဲ့ဖူးတဲ့ သူစိမ်းနှစ်ယောက်

0

သိပ်ချစ်ဖူးကြတဲ့တို့နှစ်ယောက်

အလွမ်းဖြေစရာ ဓါတ်ပုံလေးမှမကျန်ရစ်တဲ့အခါ

စုံတွဲပုံမရိုက်ခဲ့ဖူးတာပြန်သတိရ

အတိတ်ကိုစိတ်ရောက်တုန်း

ဖန်သားပြင်ပေါ်က အပြုံးတွေနဲ့မင်းမျက်နှာ

သူစိမ်းတစ်ယောက်လိုအားပေးရင်း

တိတ်တဆိတ်ဝမ်းနည်းမိတယ်

တို့တွေမဆုံဖြစ်အောင် စိမ်းသွားခဲ့ပြီပဲ …..

ဇူဇူးစံ (Burmesehearts.com)

You might also like