ကလေးမွေးဖွားမည့် ခန့်မှန်းရက် (estimated due date)ကို ဘယ်လိုတွက်ပြီး သိနိုင်မလဲ?

0

မိမိကိုယ်ဝန်ရှိတာ သေချာပြီဆိုသည်နှင့် မိမိ ကလေးမွေးဖွားနိုင်သည့် ရက်အား ပထမအကြိမ် ကိုယ်ဝန်စမ်းသပ် စစ်ဆေးစဉ်ကတည်းက ဆရာဝန်ကို မေးသင့်သည်။ ပုံမှန်အားဖြင့် နောက်ဆုံးရာသီပေါ်သည့်ရက် (LMP-last menstrual period)မှ ရက်သတ္တပတ် (၄၀) အဖြစ် (estimated due date) ကို သတ်မှတ်သည်။ သို့ရာတွင် ကလေးသည် ရက်သတ္တပတ် (၃၈)ပတ်မှသည် ရက်သတ္တပတ် (၄၀)အတွင်းလည်း မွေးဖွားနိုင်သည်။

(estimated due date)ကို မြန်မြန်တွက်လိုပါက (LMP-last menstrual period)ကို (၇)ရက်ထည့်ပေါင်း ပြီးလျှင် ထိုရက်မှ နောက်တစ်နှစ်အတိကို တွက်ပြီး သုံးလနောက်ပြန်ဆုတ်လိုက်သည့်အခါ (estimated due date)ကို သိရှိနိုင်သည်။

ဥပမာ-မိမိနောက်ဆုံးရာသီပေါ်သည့် ပထမဆုံးရက်က ၁၂ရက်၊ စက်တင်ဘာ၊၂၀၁၃ဆိုလျှင် ၁၂ရက်၊ စက်တင်ဘာ ၂၀၁၄ မှသည် သုံးလ နောက်ပြန်တွက်ပါက ၁၂ရက် ၊ ဇွန်လ ၂၀၁၄ သည် မိမိကိုယ်ဝန် မွေးဖွားမည့် ခန့်မှန်းရက် (estimated due date) ဖြစ်သည်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် သန္ဓေတည်ခြင်း နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( CONCEPTION)

You might also like