ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မိန်းမကိုယ်က သွေးဆင်းလာတာ ဘာကြောင့်လဲ?

0

နေ့စေ့လစေ့ မွေးဖွားခါနီး အချိန်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်စဉ်ကာလ အစောပိုင်းအချိန်တွင် ပန်းရောင်အဆင်းလိုလိုပဲဖြစ်ဖြစ် သွေးလိုပဲဖြစ်ဖြစ် မိန်းမကိုယ်မှဆင်းလာပါက ကိုယ်ဝန်ပျက်ဖို့ အလားအလာများကြောင်း သိရသည်။

သို့မဟုတ်ပါကလည်း သားအိမ်အပြင်၌ သန္ဓေတည်ခြင်းကြောင့် ယင်းကဲ့သို့ သွေးဆင်းခြင်း ဖြစ်နေနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့သော အဖြစ်များဟာ ကိုယ်ဝန်ဆောင် ပထမကာလဖြစ်သည့် ရက်သတ္တပတ် (၄)ပတ်မှ (၅)ပတ်အတွင်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ ထို့နောက်ပိုင်းကာလများတွင် သန္ဓေသားလောင်းသည် သားအိမ်၌ သွားတွယ်ကပ်နေမည် ဖြစ်သဖြင့် သာမန် အလွယ်တကူ သားလျှော ၊ သားပျက်ခြင်းကို မပူရတော့ပေ။

သွေးစလေးလိုလိုပါတဲ့ အချွဲဟာ ကိုယ်ဝန်မွေးဖွားမည့် ရက်မတိုင်မီ တစ်လအတွင်း ဆင်းသည်ဆိုပါက သင်ဟာ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အတွင်း ကလေးမွေးဖွားမည်ဟု လက္ခဏာပြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း သွေးစနီနီတို့ဟာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေလျှင်တော့ အချင်း အောက်ကျနေတာမျိုး ဖြစ်နိုင်ကြောင်းလည်း သိရသည်။

You might also like
Leave a comment