
ကိုယ်ဝန်ဆောင်မိခင်လောင်းများ ခါးနာခြင်းကို ဘယ်လိုလုပ်သင့်တယ်?
ခါးနာခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ခါးနာခြင်းကို ဆိုးဆိုးရွားရွား မခံစားရစေရန် အလေးအပင်မခြင်း နှင့် ဖိနပ်အမြင့်စီးခြင်းတို့ကို ရှောင်ရှားကြရန် ၊ ထိုင်လျှင် သို့မဟုတ် အိပ်လျှင် ခါးအနောက်ဖက်တွင် ခေါင်းအုံး သို့မဟုတ် သက်တောင့်သက်သာဖြစ်စေသော ခါးအနာသက်သာစေမည့် စောင် ၊ ချည်ထည် တစ်ခုခုကို ခုပြီးနေပါက ခါးအနာ သက်သာစေကြောင်း သိရသည်။
ကျောက်တုံးငယ်လေးများအပေါ် မတ်တပ်ရပ် (သို့မဟုတ်) လေးဖက်ထောက်၍ တတ်နိုင်သလောက် နင်းပေးပါကလည်း ကိုယ်ဝန်ဆောင်သည်များ ခါးနာခြင်းဝေဒနာကို သက်သာလာစေကြောင်း သိရသည်။