
ကိုယ်ဝန်ဆောင်တုန်းက တက်လာတဲ့ ကိုယ်အလေးချိန် ဘယ်တော့ ပြန်ကျသွားမှာလဲ?
မီးဖွားပြီးစမိခင်များဟာ ကိုယ်ဝန်ဆောင်စဉ်က ကိုယ်အလေးချိန် တက်ပြီးဖြစ်ရာ ကိုယ်ဝန်မဆောင်ခင်တုန်းကလို နဂိုမူရင်း ကိုယ်အလေးချိန်နှင့် ပုံစံမျိုး ခပ်မြန်မြန်ပြန်ရလိုပါက ကလေးနို့တိုက်ပေးပါ။ ကလေးကို ချော့မြူချီပိုးရင်း လမ်းများများလျှောက်ပေးပါ။ (လမ်းလျှောက်ခြင်းဟာ လေ့ကျင့်ခန်းတစ်ခုလို ဖြစ်သွားသည့်အတွက် ကိုယ်ဝန်မရခင်တုန်းကလို ခပ်မြန်မြန် ပြန်လှလာမည်။)