Tag Archives | ဆက်ဆံရေး

ရည်းစားဟောင်းနဲ့ မိတ်ဆွေသူငယ်ချင်းပြန်ဖြစ်နိုင်မလား

ချစ်သူရည်းစားဖြစ်ခဲ့ဖူးသူနဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပြန်ခင်မင်ဆက်ဆံတယ်ဆိုတာ နိုင်ငံရပ်ခြားမှာ မထူးဆန်းပါဘူး။ သူတို့က လမ်းကြုံရင် ပြုံးရယ်နှုတ်ဆက်တာမျိုး ၊ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေပေါ်မှာ မေးထူးခေါ်ပြော ဆက်ဆံပတ်သက်နေတာမျိုး ၊ နောက်ဆုံး လုပ်ဖော်ကိုင်ဖက်အဖြစ် အခင်အမင်မပျက် ဆက်နေနိုင်တာမျိုးတွေအပြင် ဒီ့ထက်ရင်းနှီးတဲ့ မိသားစုချင်း ဆက်ဆံပတ်သက်မှုတွေအထိ ဆက်လက်ပတ်သက်နိုင်တာမျိုးတွေရှိပါတယ်။ အထူးသဖြင့် တိုးတက်တဲ့နိုင်ငံတွေမှာပေါ့။ သူတို့ဆီမှာက စတွဲမိတယ်ဆိုကတည်းက ကိုယ်စီက တွဲကြည့်မယ်ဆိုတဲ့ အသိနဲ့တွဲခဲ့တာပါ။ တွဲကြည့်လို့အဆင်မပြေရင် လမ်းခွဲမယ်လို့လည်း နှစ်ဦးစလုံးစိတ်ထဲမှာ မပြောဘဲ သဘောတူခဲ့တာပါ။ တချို့တွေကတော့ စတွဲကတည်းက လေးလေးနက်နက်စိတ်မရှိလှဘဲ အပျင်းပြေရုံ ၊ အဖော်ရရုံ ၊ တွဲဖြစ်ရုံ တွဲကြည့်ကြတာမျိုးလည်းရှိတယ်။ နှစ်ဦးနှစ်ဖက်က ဒီလိုခပ်ပေါ့ပေါ့ တွဲခဲ့ကြရုံ ၊ အိပ်ခဲ့ကြရုံ ၊ တအိမ်တည်းအတူနေကြည့်ခဲ့ကြရုံဆိုရင်တော့ ကွဲသွားလည်း သိပ်မခံစားရဘူး။ နောင်ပြောဆိုဆက်ဆံဖို့ ကြုံရင်လည်း ဘာမှမဖြစ်ခဲ့သလို ခေါ်ပြောဆက်ဆံနိုင်ကြတယ်။

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ဇနီးမောင်နှံနှစ်ဦးဆက်ဆံရေးနှင့် အိမ်ထောင်ရေးသာယာမှု

ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်ရေး သာယာမှု ၊ မသာယာမှုဆိုတာကို သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကောင်းမွန်မှု ၊ မကောင်းမွန်မှုအပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ နှစ်ဦးဆက်ဆံရေး ၊ နှစ်ဖက်မိသားစုဆက်ဆံရေး ၊ ပတ်ဝန်းကျင်ဆက်ဆံရေးနဲ့ လူမှုဆက်ဆံရေးတွေမှာ ဇနီးမောင်နှံနှစ်ဦးဟာ အဆင်ပြေကောင်းမွန်မှု မျှမျှတတရှိနေပါမှ သာယာတဲ့အိမ်ထောင်ရေး ထူထောင်ထားသူတွေလို့ ဆိုနိုင်ပါတယ်။ အိမ်ထောင်တခုသာယာဖို့ အဓိကအချက်ဖြစ်တဲ့ နှစ်ဦးဆက်ဆံရေးဟာ ပင်မအရေးကြီးဆုံးအချက်ပါ။ တချို့တွေက နှစ်ဦးဆက်ဆံရေးမကောင်းပေမယ့် လူမှုဆက်ဆံရေးမှာ ကောင်းကြတယ်။ လူမှုဆက်ဆံရေးကောင်းတော့ လူမှုဝန်းကျင်မှာ နာမည်ကောင်းရမှာဖြစ်ပေမယ့် ဇနီးမောင်နှံနှစ်ဦးဟာ ဒီအိမ်ထောင်ထဲက နှစ်ဦးဆက်ဆံရေးအပေါ် သာယာမှုမရှိကြပါဘူး။ သာယာမှုမရှိတော့ နားလည်မှုလွဲနေနိုင်ကြပါတယ်။ နားလည်မှုလွဲနေတော့ ညှိနှိုင်းဖို့ခက်နေနိုင်ပါတယ်။ ညှိနှိုင်းမှုမရှိတော့ သူတလူ ငါတမင်း အတွေးအခေါ် ၊ ဆက်ဆံရေးတွေနဲ့ ဒီအိမ်ထောင်ထဲ ဘယ်သာယာနိုင်ပါတော့မလဲ။ တချို့တွေကျတော့ နှစ်ဦးဆက်ဆံရေးကောင်းပေမယ့် နှစ်ဖက်မိသားစုဆက်ဆံရေး ၊ ပတ်ဝန်းကျင်ဆက်ဆံရေးနဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
အိုအောင်မင်းအောင် ရိုးမြေကျ မေတ္တာမပျက် ပေါင်းဖက်သွားဖို့ဆိုတာ ကြင်ဖော်စစ်နဲ့မှ ဖြစ်မှာပါ။

အိုအောင်မင်းအောင် ရိုးမြေကျ ပေါင်းဖက်နိုင်ကြဖို့ဆိုရာဝယ်

အိမ်ထောင်ပြုလိုတဲ့သူတိုင်း ကိုယ်ဟာ ဘယ်လိုအိမ်ထောင်ဘက်မျိုးကို လိုချင်တယ်ဆိုတဲ့ စံတော့ရှိရမှာပေါ့။ နီးရာတွေထဲက အကောင်းဆုံးထင်ရာနဲ့ ရွှေလက်တွဲမယ်ဆိုရင် အနူတောမှာ လူချောနဲ့တွေ့နေတာဆို ဘယ်လိုလုပ်မလဲနော်။ ဘဝဆိုတာ တသမတ်တည်း သွားတာမျိုးမဟုတ်ဘူးလေ။ နိမ့်ချည် ၊ မြင့်ချည်ရှိတာမို့ ကိုယ်မြင့်တဲ့အခါ မြင့်တဲ့အသိုင်းအဝန်းထဲရောက်နိုင်သလို နိမ့်တဲ့အခါ နိမ့်တဲ့အသိုင်းအဝန်းမှာ ကျင်လည်နေရတာမျိုးပါ။ ကိုယ်ငယ်စဉ်မှာ အကောင်းဆုံးထင်သူနဲ့ လက်ဆက်ခဲ့ပေမယ့် ကိုယ်တကယ် အလုပ်အကိုင်အတည်တကျနဲ့ လူတောသူတော ကျယ်ကျယ်ပြန့်ပြန့်တိုးပြီး အသိုင်းအဝန်းကျယ်ပြန့်လာချိန်မှာ ကိုယ်လိုချင်တာနဲ့ ကိုယ်ရနေတာ ကိုက်ညီမှုမရှိတာမျိုး တွေ့လာနိုင်ပါတယ်။ တခါတလေ ကိုယ်နဲ့မယူခင်က ကောင်းချည်ကောင်းရဲ့နဲ  ယူပြီးမှ အချိုးပြောင်းလာတာတွေကိုလည်း တွေ့နိုင်ပါတယ်။ ကိုယ်သတိကြီးကြီးထားလို့ အကောင်းဆုံးရွေးချယ်ခဲ့ပါရက်နဲ့ ယူပြီးမှ အချိုးပြောင်းသွားခဲ့ရင် မမြင်ရတဲ့အနာဂါတ်မှာ ဖြစ်လာတဲ့အခြေအနေမို့ ကိုယ်မတတ်နိုင်တဲ့အခါ ကံကိုပဲ ပုံချရုံရှိတာပေါ့။ ကိုယ်လိုချင်တာချည်းပဲ တောင့်တနေလို့ ၊ စောင့်မျှော်နေလို့မရပါဘူး။ ကိုယ်လိုချင်တာကို ကိုယ်အရင်ပေးတတ်မှ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းနှင့် ကြင်ဖော်စစ်အားရှာဖွေခြင်း

ကျွန်မငယ်ငယ်က တခြားကလေးအများစုနည်းတူ မြန်မာဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာမို့ ကြောက်ရတဲ့သူများတယ်။ မိသားစုထဲမှာအငယ်ဆုံးလည်းဖြစ်နေတော့ အကြီးတွေမှန်သမျှကို ကြောက်ခဲ့ရတယ်။ နိုင်စားခံခဲ့ရတယ်။ ကျောင်းမနေခင်ကတည်းက အိမ်မှာ ဒီလိုကြီးပြင်းလာရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာမရှိဘဲ ကျောင်းပညာရေးဘက် ရောက်လာခဲ့တယ်။ အတန်းဖော်တချို့ရဲ့ ယုံကြည်မှုရှိရှိ နေထိုင်ပြောဆိုနေတတ်တာကို စိတ်ထဲက ကျိတ်လေးစားခဲ့ပေမယ့် ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ ဘယ်လိုတည်ဆောက်ရမယ်မှန်း မသိဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတာ အတန်းထဲမှာ ပထမရတာနဲ့ မဆိုင်ပါဘူး။ ကျွန်မအတန်းထဲမှာ အဆင့်(၁) ဗိုလ်စွဲခဲ့တဲ့ ကာလတုန်းကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခဲ့သလို အဆင့်ကျနေတုန်းကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပါဘူး။ အဆင့်ကောင်းရင် ငါဒီအဆင့်ရအောင် လုပ်နိုင်တယ်လို့ စိတ်တက်လာတာမှန်ပေမယ့် ကိုယ့်ကိုယ်ကို (ကိုယ့်အရည်အချင်းကိုယ်)ယုံကြည်တဲ့ စိတ်စွမ်းအားမရှိခဲ့ပါဘူး။ နောက်တဆင့်မှာ အားငယ်တတ်ခဲ့တာပေါ့။ ယှဉ်ပြိုင်ရစတမ်းဖြစ်လာရင် အရှုံးမခံချင်စိတ်ကြောင့် ကြိုးစားနေရပေမယ့် ငါနိုင်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်ရယ် ၊ ငါမနိုင်လောက်ဘူးဆိုတဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

အပြန်အလှန် လေးစားမှုပေးခြင်း

လူတစ်ဦးနဲ့တစ်ဦး လေးစားမှုပေးပါလို့ ဆိုလိုက်ရင် ပုဂ္ဂိုလ်ရေးရာ လေးစားမှုပေးရမယ်လို့ထင်ကြတယ်။ တဖက်သားရဲ့ ဝါသနာ ၊ ဆန္ဒ ၊ ခံယူချက်ဆိုတာတွေကို လေးစားမှုပေးဖို့ မေ့နေကြတယ်။ အမှန်တော့ အရက်သမားလည်း လူလိုဆက်ဆံတာမျိုး ၊ တလေးတစား ဆက်ဆံတာမျိုး ခံလိုကြတယ်။ သူ့ကို အရက်သမားလို့ လက်ညှိုးထိုးကဲ့ရဲ့တာကို မခံလိုကြဘူး။ အရက်သမားက ရပ်ကွက်တိုင်းမှာ တွေ့နေရလို့ ဥပမာပေးတာပါ။ တကယ်က လူ့အသိုင်းအဝန်းမှာ နေတဲ့သူတိုင်းဟာ ကိုယ်ကသာ မဟုတ်တာ လုပ်ချင်လုပ်နေမယ် ၊ တပါးသူက သူတို့ကို တလေးတစား ဆက်ဆံတာကို ခံလိုကြတာပဲ။ ကလေးကလည်း သူ့ကို တလေးတစားဆက်ဆံပြီး လူရာသွင်းတာကို ခံလိုတယ်။ အမျိုးသားကလည်း သူ့ကိုတလေးတစား ဆက်ဆံတာကို နှစ်သက်သလို အမျိုးသမီးတွေကလည်း သူ့ကို တလေးတစား ဆက်ဆံတာကို ခံယူလိုတယ်။ အလုပ်လက်မဲ့ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ဇနီးများက တန်ဖိုးထားမြတ်နိုးသည့် ခင်ပွန်းကောင်းများ

ကျွန်မတို့ အိမ်ထောင်သည်ဇနီးသည်တွေက ကိုယ့်ခင်ပွန်းဆီက အလိုလားဆုံးအရာဟာ မပြောင်းလဲတဲ့ မေတ္တာတရားပဲဖြစ်ပါတယ်။ အဲဒါဟာ ကျွန်မတို့အတွက် အလိုချင်ဆုံးသော ဆန္ဒဖြစ်ပါတယ်။ ဒီချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ချစ်သူခင်ပွန်းဟာ သေတပန်သက်တဆုံး ကိုယ့်ကိုကြင်နာစွာ ပေါင်းသင်းသွားမယ် ၊ ဒီအိမ်ထောင်က လိုအပ်ချက်တွေကို တာဝန်သိသိနဲ့ ဖြည့်ဆည်းပေးသွားမယ် ၊ ကိုယ့်ကို ပထမဦးစားပေးအနေနဲ့ တသက်တာ ချစ်မြတ်နိုးသွားလိမ့်မယ်လို့ မိန်းမသားတွေက ယုံကြည်နေခဲ့တာပါ။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အချစ်ကို ကိုးကွယ်တတ်ကြတယ်။ အမှန်ဆို ဒါဟာ ကျွန်မတို့ မိန်းမသားတွေရဲ့ အားနည်းချက်ပါ။ ဒီလိုအချစ်ကို ကိုးကွယ်ကြလို့ပဲ သူတသက်လုံး ကိုယ့်အပေါ် မပြောင်းမလဲ ကြင်နာသွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘယ်အခြေအနေမှာမဆို ချစ်သူကို အလိုလိုက် အကြိုက်ဆောင်ဖို့ အမြဲဦးစားပေး တွေးလေ့ရှိပါတယ်။ ချစ်ခြင်းမေတ္တာက ကျွန်မတို့ မိန်းမသားတွေရဲ့ ခံစားချက်တွေနဲ့ ခံယူချက်တွေကို ပြောင်းလဲခဲ့သလို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ခင်ပွန်းများက တန်ဖိုးထားမြတ်နိုးသည့် ဇနီးကောင်းများ

ခင်ပွန်းတွေ လက်မလွှတ်နိုင်တဲ့ ဇနီးကောင်းဆိုတာ အိမ်ထောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တဲ့ ဇနီးကောင်းတွေပါ။ ပြောတာတော့ စာတကြောင်းတည်းမို့လွယ်ပါတယ်။ အိမ်ထောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို အသေအချာ သဘောပေါက် နားလည်ဖို့သာ ခက်တာပါ။ အမျိုးသမီးအများစုက ခင်ပွန်းတာဝန် ၊ သားသမီးတာဝန် ၊ အိမ်မှုကိစ္စတာဝန်တွေကျေရင် အိမ်ထောင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တဲ့ ဇနီးကောင်းဖြစ်တယ်လို့ ယေဘူယျ သတ်မှတ်လိုက်တာ မှန်သင့်သလောက်မှန်ပေမယ့် အပြည့်အဝ မမှန်ပါဘူး။ အိမ်ထောင်တခု စတင်ထူထောင်တဲ့သူတွေဟာ ခင်ပွန်းနဲ့ဇနီးပေါ့။ ထူထောင်ပြီးသားအိမ်ထောင်ကြောင့် ဆက်နွယ်လာမယ့်သူတွေဟာ ဟိုဘက်မိသားစု ၊ ဒီဘက်မိသားစု ၊ ဟိုဘက်ဆွေမျိုး ၊ ဒီဘက်ဆွေမျိုး ၊ ဟိုဘက်မိတ်သင်္ဂဟ ၊ ဒီဘက်မိတ်သင်္ဂဟ အသိုင်းအဝန်းကျယ်ပြန့်လာပါတယ်။ နောက်ထပ်တိုးပွားလာမှာက ကိုယ့်သွေးကဖြစ်လာမယ့် ကိုယ့်သားသမီးတွေပါ။ ဒီလူတွေကို မျှမျှတတ တာဝန်ကျေနိုင်ပါမှ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၃)

မိဘတွေရဲ့တာဝန်က သားသမီးကို အတွေးအမြင်အမှန်နဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် တင်ပေးဖို့ပါပဲ။ ဒီလမ်းကြောင်းပေါ်တင်ပေးပြီးနောက်မှာ ဆက်လျှောက်ဖြစ်အောင် စိတ်အား ၊ ကိုယ်အား ၊ ခွန်အားတွေပေးပြီး ပံ့ပိုးပေးဖို့ပဲလိုတာပါ။ ဒီကနေတဆင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်လာမှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေဟာ လွတ်လပ်မှုဆိုတာကို ခံစားချင်ကြတာပါ။ သူတို့က နှစ်များစွာ မိဘဆွေမျိုး ၊ ဆရာသမား ၊ ပတ်ဝန်းကျင်ဆိုတာရဲ့ အကန့်အသတ်ဘောင်ထဲမှာ နေထိုင်ခဲ့ရတော့ လွတ်လပ်စွာတွေးခေါ်ခြင်း ၊ လွတ်လပ်စွာ နေထိုင်စားသောက်ခြင်းဆိုတာတွေကို အာသာငမ်းငမ်း တောင့်တနေကြတာပါ။ ဒီအရွယ် စည်းလွတ်ဝါးလွတ်ဖြစ်မသွားရအောင် ၊ တည်ငြိမ်တဲ့အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာအောင် ၊ ကြိုးစားချင်စိတ်တွေရှိလာအောင်ဆိုတာ သူတို့ကို ဘဝဆိုတဲ့လမ်းကြောင်းပေါ် တင်ပေးလိုက်ရမှာပါ။ တကယ့်ဘဝဆိုတာ စိတ်ကူးနေရုံနဲ့ ပုံပေါ်လာတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်အကောင်အထည်ဖော် တည်ဆောက်ရတာမျိုးဆိုတာကို သူတို့ကိုယ်တွေ့ ကြုံလာမှ တကယ်နားလည်နိုင်တာမျိုးပါ။ အပျံသင်စ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၂)

ကလေးမှာလည်း ကလေးအမြင်ဆိုတာ ရှိပါတယ်။ တခါတလေ ကိုယ်မမြင်နိုင်တဲ့ သူ့ရှုထောင့် ၊ ခံစားချက်တွေဟာ ကိုယ့်ထက်မှန်နေတာလည်း ဖြစ်တတ်ပါတယ်။ ကလေးနဲ့အမြင်မတူဘူး ၊ ကလေးဟာ သူ့ခံစားချက်အမြင်ကို ပြောတယ်ဆိုရင် ဂရုတစိုက်နားထောင်ပေးပါ။ အနည်းဆုံး ကလေးရင်ထဲမှာ သူ့အမြင်ခံစားချက်တွေ ဖွင့်ထုတ်ပြောခွင့်ရတဲ့အတွက် ပေါ့သွားပါတယ်။ ကိုယ်လည်း သူ့ဘက်ကခံစားချက်ကို သိနားလည်လာပါတယ်။ ကိုယ့်အမြင် ၊ ကိုယ့်ခံယူချက်တွေနဲ့ မဆီလျော်ခဲ့ရင် သူနားလည်လက်ခံလာအောင် ကောင်းမွန်စွာ အကြောင်း ၊ အကျိုး ချိုချိုသာသာ ပြန်ရှင်းပြဖို့တော့ လိုတာပေါ့။ ကလေးဟာ သူ့ခံစားချက်အမြင်တွေ ဖွင့်မပြောရဲရင် ဖွင့်ပြောနိုင်ဖို့ လမ်းကြောင်းပေးပါ။ အပြန်အလှန်ဆွေးနွေးပါ။ သူ့စိတ်ထဲမှာရှိနေတာတွေ စကားလုံးအဖြစ်ထွက်ပေါ်လာမှ ကိုယ်ဟာ သူ့စိတ်ခံစားချက်တွေနဲ့ အမြင်ကို လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုတာတွေဟာ ကလေးရဲ့ စိတ်ဖိစီးမှုကို တနည်းတဖုံ လျှော့ချပေးခြင်းရယ်ပါ။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
BurmeseHearts Blog

ကလေးတွေခံစားရတဲ့ စိတ်အားငယ်မှု အပိုင်း(၁)

ကလေးဘဝကနေ အရွယ်ရောက်လာတဲ့ ကျွန်မတို့ဟာ ကလေးဘဝတုန်းက ကိုယ်တိုင်ခံစားခဲ့ကြရတဲ့စိတ်ခံစားမှုကို မေ့ပျောက်သွားကြပါတယ်။ အရွယ်ရောက်သူတွေရဲ့ နေ့စဉ်လုပ်ငန်းတာဝန်တွေမှာ ရုန်းကန်ရှင်သန်ရင်း မိမိသားသမီးတွေရဲ့ ခံစားချက်တွေကိုတောင် ငါငယ်ငယ်က လူကြီးတွေကြောင့် ဒီလိုပဲခံစားခဲ့ရပါလား။ အကန့်အသတ်နဲ့ ပြောဆို ၊ နေထိုင် ၊ သွားလာ ၊ စားသောက်ရတဲ့ ကလေးဘဝမှာ ငါငယ်ငယ်တုန်းက ဘာတွေ ဘယ်လိုဆန္ဒရှိခဲ့ဖူးတယ်။ ငါ့သားသမီးလည်း ဒီလိုခံစားနေနိုင်လောက်ရဲ့လို့ ကိုယ်ချင်းစာတွေးပြီး ဖြည့်ဆည်းပေးနိုင်သူက ရှားလာပါတယ်။ ကလေးရဲ့ အနီးစပ်ဆုံးသွေးသားရင်းဖြစ်တဲ့ အဖေ နဲ့ အမေတောင် ဒီလိုမတွေးရင် ကလေးရဲ့ ဦးလေး ၊ အဒေါ် ၊ အဘိုး ၊ အဘွား ၊ ဆွေမျိုးညာတိ ၊ ပတ်ဝန်းကျင်နဲ့ ဆရာ ၊ ဆရာမတွေက ကိုယ့်ကလေးရဲ့ အတွေးအမြင်နဲ့ ခံစားမှုဆိုတာကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်