Tag Archives | ချစ်သူ

ချစ်ခဲ့ဖူးတဲ့ သူစိမ်းနှစ်ယောက်

သိပ်ချစ်ဖူးကြတဲ့တို့နှစ်ယောက် အလွမ်းဖြေစရာ ဓါတ်ပုံလေးမှမကျန်ရစ်တဲ့အခါ စုံတွဲပုံမရိုက်ခဲ့ဖူးတာပြန်သတိရ အတိတ်ကိုစိတ်ရောက်တုန်း ဖန်သားပြင်ပေါ်က အပြုံးတွေနဲ့မင်းမျက်နှာ သူစိမ်းတစ်ယောက်လိုအားပေးရင်း တိတ်တဆိတ်ဝမ်းနည်းမိတယ် တို့တွေမဆုံဖြစ်အောင် စိမ်းသွားခဲ့ပြီပဲ ….. ဇူဇူးစံ (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

နှစ်ဦးနောက်ဆုံးဆုံချိန်

ဒီအချိန်ခဏလေး ဘာမှမတွေးကြေး ထွေးဖက်ပြုံးကြရအောင် နောက်ဆုံးဆိုပေမယ့်လည်း အချစ်ထုံမွှမ်းတဲ့အနမ်းတွေပေးရအောင် ဒီပါးပြင်မယ် မျက်ရည်စိုချင်စိုပါစေ နောက်ဆုံးဆုံချိန်လေး စက္ကန့်တိုင်းတန်ဖိုးထားမယ် ဒီကံကြမ္မာရဲ့အဝေး …… ဇူဇူးစံ (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

မောင်တထမ်း ၊ မယ်တရွက်

မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေး အရမ်းနှစ်သက်မိပါတယ်။ ဒီစကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ဟာ တွေးရင် တွေးသလောက် လေးနက်တယ်လေ။ ရှိနေတဲ့ဝန်တွေကို မောင်ကထမ်းပြီး မယ်ကရွက်တာပေါ့။ မောင်က ထမ်းပိုးနေတဲ့အချိန်မှာ မယ်က နိုင်သလောက်ရွက်ကူတဲ့သဘော ။ မယ်ကရွက်နေတဲ့အချိန်မှာ မောင်က နိုင်သလောက်ထမ်းကူတဲ့သဘော။ သူထမ်းရရင် ကိုယ်ရွက်သင့်တယ် ၊ သူရွက်ရင် ကိုယ်ထမ်းသင့်တယ်ဆိုတဲ့ ဝတ္တရားအမြင်ထက် မေတ္တာအမြင်လေး ထည့်လိုက်တဲ့အခါမှာ ကိုယ်ချစ်တဲ့တဘက်လူ သက်သာလို သက်သာငြား နိုင်သလောက် ဝင်ကူတယ်ဆိုတဲ့သဘော ရောက်သွားတဲ့အတွက် နှစ်ဦးနှစ်ဖက်ရဲ့ မေတ္တတရားကို ကြားရသူ ၊ မြင်ရသူတွေ ကြည်နူးစေမှာအမှန်ပါ။ ထမ်းတယ် ၊ ရွက်တယ်ဆိုတာ အခြေနိမ့်တဲ့သူတွေအလုပ်ပဲ ထင်နေရင်မှားမှာပေါ့။ ကုန်ပစ္စည်းဝန်တွေကိုပဲ ထမ်းစရာ ၊ ရွက်စရာလို့ ထင်မြင်နေပြီဆိုကတည်းက မှားနေပြီ။ သမီးရည်းစား ချစ်ရည်မျှပြီဆိုကတည်းက ၊ လူနှစ်ဦး […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ချစ်သူအနားမှာရှိရင်

ချစ်သူအနားမှာရှိရင် ………… အပြင်မှာမိုးရွာနေလည်း ရင်ထဲနေသာနေတယ် နှင်းဖွေးဖွေးတွေကျနေလည်း ရင်ထဲနွေးထွေးနေတယ် ရာသီပူစေဦးတော့ စိတ်လှုပ်ရှားမှုနဲ့ရင်ထဲတစိမ့်စိမ့် ကျရှုံးပါစေဦး အားပေးမယ့်သူရှိတယ်လေ လဲကျပါစေဦး တွဲထူမယ့်သူရှိတယ်လေ နေမကောင်းလည်း ပြုစုမယ့်သူရှိတယ် ငိုရင်မျက်ရည်သုတ်ပေးမယ့်သူရှိတယ် လက်ဖဝါးနွေးနွေး ဆုပ်ကိုင်ထားမယ့်သူရှိတယ် တဘဝစာချစ်မိသူအတွက် ထာဝရချစ်လို့နေမယ်။ ချစ်သူအနားမှာရှိရင် ………… ဇူဇူးစံ (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
distance

အကွာအဝေး

ခပ်ဆတ်ဆတ် မင့်စကားတွေကြောင့် တို့နှစ်ယောက် ခပ်တန်းတန်းဖြစ်ခဲ့တယ်။ ရင့်သီးတဲ့ မင်းရဲ့စကားလုံးတွေကြောင့် တို့နှစ်ယောက် ခပ်လှမ်းလှမ်းဖြစ်ခဲ့တယ်။ ရိုင်းစိုင်းတဲ့ မင်းရဲ့စကားလုံးတွေကြောင့် တို့နှစ်ယောက် အနေဝေးသွားခဲ့တယ်။ စော်ကားတဲ့ မင်းရဲ့စကားလုံးတွေကြောင့် မဆုံချင်တဲ့အထိ ဝေးသွားရတယ်။ မင်းသတိမထားမိတဲ့ မင့်စကားလုံးတွေက တို့နှစ်ယောက်ကို ဆွဲခွါပစ်ရင်း တို့နှစ်ယောက်အကွာအဝေး ဝေးသထက်ဝေးလာတယ်။ ဇူဇူးစံ (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
အကောင်းလည်းမြင်ပါ။ အဆိုးလည်းမြင်ပါ။ အရှိကို အရှိအတိုင်း မြင်ပါ။

အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိ

အိုးချင်းထားတော့ အိုးချင်းထိ ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိ စကားပုံက အရွယ်ရောက် ဆန့်ကျင်ဘက် လိင်နှစ်ဦး အမြဲပူးပူးကပ်ကပ်ရှိနေတဲ့အခါ တစ်ဦးနဲ့တစ်ဦး ငြိတွယ်လာတတ်ကြတဲ့သဘောကို ဆိုလိုပါတယ်။ မြင်ပါများတော့ သံယောဇဉ်ဖြစ် ၊ သံယောဇဉ်ဖြစ်ပြီး တွယ်တာလာ ၊ ရမက်တွေကပ်လာရင် ဖြစ်သင့်တာတွေ ၊ မဖြစ်သင့်တာတွေကိုတောင် မစဉ်းစားနိုင်လောက်တဲ့အထိ သာယာမှုနောက်ကို လိုက်သွားကြပါတယ်။ ဒီတော့ မိဘတွေအနေနဲ့ သားသမီးအိမ်ထောင်ရေး အရွေးမမှားစေချင်ဘူးဆိုရင် သူ့ပတ်ဝန်းကျင် ၊ သူကျင်လည်ရာ ၊ သူ့လုပ်ဆောင်မှုတွေကို မျက်ခြည်မပြတ် ရှိသင့်ပါတယ်။ ဒါဟာ သတိထားကြည့်ခိုင်းတာသာဖြစ်ပြီး ချုပ်ခြယ်ခိုင်းတာ မဟုတ်ပါဘူး။ ဖိလွန်းရင် ကြွတက်တတ်တယ်ဆိုတဲ့ သဘောအရ ချုပ်ခြယ်လွန်းရင် ခိုးလုပ်လာတဲ့ သားသမီးသဘာဝကြောင့် မိမိနောက်ကွယ်မှာ ခိုးလုပ်တတ်တဲ့ သားသမီးကို မျက်ခြည်ပြတ်သွားနိုင်ပါတယ်။ ဒီအခါ လွန်မှသိ ၊ ပျက်မှပြင် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

မချစ်ချင်ချစ်ချင် ချစ်တဲ့သူ

မရေးချင်ရေးချင် ရေးခဲ့တဲ့စာတစ်မျက်နှာ ချစ်တယ်တစ်ကြောင်းပါရုံနဲ့ မင်းကိုလွမ်းတိုင်း ဖွင့်ဖတ်တယ်။ မပေးချင်ပေးချင် ပေးခဲ့တဲ့လိုင်စင်ဓါတ်ပုံ မင်းပုံဆိုတဲ့အသိနဲ့ ဆေးပျက်နေလဲ အလွမ်းဖြေဖို့ သိမ်းထားတယ်။ မပို့ချင်ပို့ချင် ပို့ခဲ့တဲ့ မင်း Message Miss u ဆိုတာလေးနဲ့ပဲ နှစ်ပေါင်းများစွာ စောင့်ခဲ့တယ်။ မနမ်းချင်နမ်းချင် နမ်းခဲ့တဲ့ ပါးနှစ်ဖက်က အနမ်းတစ်စုံ ကွဲကွာခြင်းကြောင့် ကျွမ်းခဲ့တယ်။ ဇူဇူးစံ (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ချစ်သူတည်ခင်းသောမျက်ရည်

မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ ခွာညို နှင့် ကိုထွဋ်တို့ မျက်နှာစုံညီနေ့လည်စာစားရင်း စကားပြောကြဖို့ ချိန်းထားသည်။ ချိန်းဆိုထားသည့်နေရာတွင် ကားဖြင့်ရပ်စောင့်နေသည့် ကိုထဋ်ကို မြင်လိုက်တာမို့ စီးလာသည့် အငှါးယာဉ်အား ရပ်ခိုင်းလိုက်ကာ ကိုထွဋ်အား ပြတင်းပေါက်မှ လှမ်းလက်ပြလိုက်သည်။ ကိုထွဋ်ကားဆီ လှမ်းလာသော ခွာညို့ကိုမြင်တော့ ကိုထွဋ်က ရှေ့ခေါင်းခန်းတံခါးအား အဆင်သင့်ဖွင့်ပေးထားသဖြင့် ဝင်ထိုင်ရင်း ချစ်သူကို အနမ်းဖွဖွပေး၍ နှုတ်ဆက်လိုက်သည်။ “စောင့်နေတာ ကြာပြီလား ကိုထွဋ်” “သိပ်မကြာသေးပါဘူး။ ခွာညိုနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ။” ရွှေရှမ်းကန်စားသောက်ဆိုင်ကို ကိုထွဋ်ကရွေးချယ်ကာ ကားကိုထိုစားသောက်ဆိုင်သို့ ဦးတည်မောင်းလိုက်သည်။ ကိုထွဋ်နှင့် ခွာညိုက ရာသက်ပန် သက်သက်လွတ်စားကြသည့် စုံတွဲဖြစ်သည်။ ရွှေရှမ်းကန်ရောက်တော့ နေ့လည်ခင်းပိုင်းမို့ လူရှင်းနေကာ နေမထိုးသည့် ကန်ကိုမျက်နှာမူထားသော စားပွဲအားရွေးချယ်ထိုင်လိုက်သည်။ စားပွဲထိုးချပေးလာသော Menu ကို သူလဲကြည့် ကိုယ်လဲကြည့်လုပ်နေပေမယ့် ကိုထွဋ်ကတော့ တခုပြီးတခုမှာနေသည်။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading

ဝဋ်

စွန့်သွားချင်သူကို ခပ်တင်းတင်းဆွဲထားတုန်း ဒီရင်ထဲမယ် နာကျင်နေပါတယ်။ ရုန်းထွက်တဲ့တခဏ မျက်စိမှိတ်ထားလိုက်ရင်း အမုန်းကျည်သင့်နှလုံးသားတစ်ခု ရင်ဘတ်ထဲကလွှတ်ချလိုက်တယ်။ ချစ်သူ….. မင်းတဖန် မနာကျင်ပါစေနဲ့။ ဇူဇူးစံ  (Burmesehearts.com)

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်