Tag Archives | ကလေးသူငယ်

လူကြီးမိဘတွေရဲ့ စကားနောက်ကွယ်မှ ကလေးများ၏ခံစားချက်

ကလေးဖြစ်ဖြစ် ၊ အရွယ်ရောက်သူဖြစ်ဖြစ် “တိုင်ပြောမယ်”လို့ အဆိုခံလိုက်ရပြီဆိုရင် နောက်ကွယ်မှာ ကြောက်ရတဲ့သူတစ်ဦးရှိနေတဲ့သဘောကို ဆောင်နေပါတယ်။ ဘယ်လောက်အထိ ကြောက်ရသလဲဆိုတဲ့ အနေအထားအပေါ်မူတည်ပြီး ဒီစကားလုံးရဲ့ ထိန်းချုပ်နိုင်မှုဟာလည်း တာသွားပါတယ်။ သူ့အကြောက်တရားကြီးမားလေ ဒီစကားလုံးနဲ့ ထိန်းချုပ်ရလွယ်လေပေါ့။ ဘယ်သူနဲ့ ပြန်တိုင်ပြောမယ်လို့ဆိုလိုက်ရင် အဲဒီဘယ်သူဆိုတာဟာ သူ့အပေါ်ဘယ်လောက်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသလဲ ဆိုတာအပေါ်မူတည်ပြီး သူသာသိသွားခဲ့ရင်ဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေ ၊ ပူပန်မှုတွေလည်း ဝင်လာပါတယ်။ ကိုယ်ကသာ ဒီလူမကြိုက်တဲ့ (တားမြစ်ကောင်းတားမြစ်ထားတဲ့) အဖြစ်အပျက် ကြီးကြီးမားမားကို ပြောမိ ၊ လုပ်မိခဲ့ပြီဆို “တိုင်ပြောမယ်”လို့ ဆိုတဲ့သူကိုလည်း တိုင်ပြောခဲ့ရင်လို့ တွေးပြီးစိုးကြောက်ရ ၊ အတိုင်ခံခဲ့ရရင် ငါဘယ်လိုဖြေရှင်းရပါ့ဆိုတဲ့ ကြိုတင်စိတ်ပူပန် ဖိစီးမှုတွေကို အတိုင်မခံရသေးတဲ့ ကာလမှာတင် ခံစားနေရပါပြီ။ ကလေးတွေအဖို့ “တိုင်ပြောမယ်”လို့ အဆိုခံလိုက်ရရင် မျက်စိမျက်နှာပျက်သွားတဲ့အထိ ကြောက်လန့်တတ်ပါတယ်။ တချို့ဆို အော်ဟစ်ငိုကြတဲ့အထိ စိတ်ဖိစီးမှုကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
BurmeseHearts Blog

ကလေးသူငယ်များ မိမိကိုယ်ကို ယုံကြည်မှုရှိကြဖို့ ထိန်းကျောင်းခြင်း

ကလေးတွေရဲ့ စိတ်သဘောထားနဲ့ ပြုမူလုပ်ကိုင်ပုံတွေဟာ မျိုးရိုးဗီဇ နဲ့ သူတို့ရဲ့ ပင်ကိုယ်ဗီဇ အရသော်လည်းကောင်း ၊ လူကြီးမိဘများရဲ့ မြေတောင်မြှောက်ပေး သင်ကြားဆုံးမပေးနိုင်မှုအပေါ်လည်းကောင်း စသဖြင့် အချက်အမျိုးမျိုးအပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးသူငယ်တွေဆိုတာ ဘယ်လိုသိနိုင်မလဲ။ ကလေးငယ်တွေဟာ မိမိကိုယ်ကို ယုံကြည်တဲ့ အရည်အချင်းရှိတယ်ဆိုရင် သူတို့ဟာ ရဲရင့်သတ္တိနဲ့ ပြည့်စုံတယ်။ စိတ်ဓါတ်ကြံ့ခိုင်တယ်။ သူနားမလည် ၊ မသိတဲ့ဘာသာရပ်ဖြစ်နေဦးတော့ လူကြီးနဲ့လည်း (၁၀)မိနစ်လောက်ကို အပြန်အလှန် ဗဟုသုတ ဆွေးနွေးနိုင်တယ်။ သူတို့ဟာ ရဲရင့်သတ္တိရှိတယ်ဆိုပေမယ့် မိုက်ရူးရဲ တဇွတ်ထိုး မစဉ်းစားဘဲ လုပ်ကိုင်တတ်တာမျိုးမဟုတ်ပါဘူး။ သူများပြောတာကို လူကြီးပြောတာပဲလေလို့ အလွယ်တကူ လက်ခံလိုက်တာမျိုးမဟုတ်ဘဲ ချက်နဲ့လက်နဲ့ အကြောင်းအကျိုးခိုင်လုံအောင် စူးစမ်းမေးမြန်းပြီးမှ လက်ခံတတ်တာမျိုးပါ။ သူများခြောက်တိုင်းလည်း ကြောက်ရွံ့နောက်ဆုတ်သွားတတ်တာမျိုးမဟုတ်ဘဲ ဖြစ်သင့် ၊ မဖြစ်သင့် ၊ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
BurmeseHearts Blog

ကလေးသူငယ်များ၏ ပျော်ရွှင်မှုအား မှန်မှန်ကန်ကန်ထိန်းညှိခြင်း

ကလေးဘဝဟာ လူကြီးတွေထက်စာရင် အပူအပင်ကင်းတယ်လို့ ဆိုပေမယ့် သူတို့စိတ်ဆန္ဒရှိရာကို သူတို့လုပ်ပိုင်ခွင့်မရှိ ၊ သူတို့အတူနေချင်တဲ့သူနဲ့ နေထိုင်ခွင့်မရ ၊ သူတို့သွားချင်ရာ မိမိသဘောဆန္ဒအတိုင်း သွားလာခွင့်မရှိတဲ့ မိမိကိုယ်မိမိမပိုင်သောဘဝမှာ သူတို့ဟာ စိတ်ဖိစီးမှုတွေကို ခံစားနေကြရသူတွေပါ။ ပျော်ရွှင်တဲ့ကလေးအဖြစ် ကြီးပြင်းလာရင် သိပ်ကောင်းတာပေါ့။ အပျော်လွန်တဲ့ကလေးအဖြစ် ကြီးပြင်းလာရင်တော့ ကလေးရဲ့ အနာဂါတ်လူမှုဆက်ဆံရေးအတွက် မကောင်းလှပါဘူး။ ဘဝဟာ အပျော်ကြီးပဲ ခံစားရတာမှမဟုတ်ဘဲလေ။ ကလေးကို အငိုမခံရလောက်အောင် ကလေးလိုချင်သမျှ ၊ လုပ်ချင်သမျှ ဖြည့်ဆည်းပေးနေမယ်ဆိုရင် ကလေးဟာ ကိုယ်လိုချင်တာပဲသိပြီး ဘေးပတ်ဝန်းကျင်အခြေအနေ ခံစားနားလည်မှု မပေးနိုင်တဲ့သူ ၊ သူတပါးကို ခံစားနားလည်မှု မပေးနိုင်တဲ့ အတ္တဘောလေးအဖြစ် ကြီးပြင်းလာတော့မှာပါ။ ဒါဟာ ကလေးကို သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူကြီးမိဘတွေက ဖျက်လိုက်တာပါပဲ။ ကလေးကို အငိုမခံရလောက်အောင် သူ့ဆန္ဒဟူသမျှ ဖြည့်ဆည်းပေးဖို့မဟုတ်သလို ကလေးကို […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ကလေးတွေဟာ နေ့တဓူဝ သူတို့မြင်တွေ့ ၊ ကြားသိနေရတာတွေကို အသံတိတ် သင်ယူနေပါတယ်။

လူကြီးတွေဆီက ကလေးသူငယ်တွေ လွဲမှားစွာသင်ယူသွားခဲ့သည့်အရာများ

မိဘတွေအများစုက သားသမီးကို အကောင်းဆုံးအရာတွေကို ပေးလိုကြပါတယ်။ ဖူးဖူးမှုတ် ၊ သည်းသည်းလှုပ် ချစ်ရတဲ့ သားသမီးတွေဆိုရင် ကိုယ်နိုင်တာ ၊ မနိုင်တာ ပဓါနမထားဘဲ သားသမီးအတွက် ဖြည့်ဆည်းပေးချင်ကြတယ် ၊ ကာကွယ်ပေးချင်ကြတယ် ၊ လမ်းပြပေးချင်ကြတယ်။ ဒါကိုက မိဘမေတ္တာ တစိတ်တပိုင်းပေါ့။ ကိုယ်ကတော့ အကောင်းဆုံးလုပ်ပေးလိုက်တာပါပဲ။ ဒါပေမယ့် သားသမီးတွေက ကိုယ့်ဆီကနေ ကိုယ်မထင်မှတ်ဘဲ လွဲမှားစွာ သင်ယူသွားခဲ့တာတွေ အမြောက်အမြား ရှိနေပါတယ်။ တခါတလေမှာ ကလေးကိုယ့်ဆီက သင်ယူခဲ့မှန်း မသိလိုက်နိုင်အောင် ကိုယ့်ရဲ့ပြုမူပြောဆိုလုပ်ကိုင်မှုတွေကို သတိမထားမိတာတွေလည်း ရှိနေပါတယ်။ ဒီလိုပြောလို့ ကျွန်မဟာ အရာရာ ပြီးပြည့်စုံနေတဲ့ မိခင်လားလို့ မေးစရာရှိပါတယ်။ အပြစ်ပြောစရာမရှိအောင် စင်းလုံးချော အပြစ်ကင်းသူရယ်လို့ လောကမှာ မရှိသေးပါဘူး။ ဒါပေမယ့် အမှားနည်းသထက်နည်းအောင် ကြိုးစားနေထိုင်သူတွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအဝင်ပေါ့။ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

ကလေးသူငယ်ဦးနှောက်ဖွံ့ဖြိုးမှု နှင့် သင်ယူမှုပိုင်းဆိုင်ရာ

ကလေးငယ်တွေ ဘယ်အချိန်ကတည်းက စတင်သင်ယူသလဲဆိုတာ စိတ်ဝင်စားစရာပါ။ သုတေသနပညာရှင်များ အပြောအရ ကလေးငယ်များရဲ့ သင်ယူမှုဟာ မိခင်ကိုယ်ဝန်ဆောင်စဉ် အချိန်ကတည်းကလို့ သိရပါတယ်။ အဲဒီအချိန်မှာ ကိုယ်ဝန်ဆောင်မိခင် ခံစားရတဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်သောကစတဲ့ မိခင်ရဲ့ခံစားမှုအချက်အလက်တွေကို ဟော်မုန်းအဖြစ် အချင်းကနေပြီး ကလေးဆီ ပို့လွှတ်ပါသတဲ့။ ဒါကြောင့် အိမ်မက်ဆိုးမက်တဲ့ မိခင်နိုးထလာတဲ့အခါ ဗိုက်ထဲက ကလေးရဲ့ နှလုံးခုန်သံ မြန်နေသလိုမျိုး ၊ လန့်သွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ဟာ ကလေးနှလုံးခုန်သံ မြန်နေတာကို သိရှိနိုင်သလိုမျိုးတွေက သက်သေပြနေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ တုန့်ပြန်ခံစားမှုများအပေါ် မူတည်ပြီး မွေးဖွားလာခဲ့တဲ့ မွေးကင်းစ ကလေးငယ်များဟာ တုန့်ပြန်မှုတွေ ကွဲပြားသွားတတ်ကြတာကိုလည်း တွေ့ရှိရပါတယ်။ တချို့ကလေးငယ်တွေဟာ ခြောက်လအရွယ်ကစလို့ ခဏ ခဏ လန့်နေတတ်ပေမယ့် တချို့ကလေးတွေကတော့ ဒီလိုမဖြစ်တတ်ကြပါဘူး။ ချစ်ခြင်းမေတ္တာမရှိရင် […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
ကလေးငယ်တွေကို တကယ်ချစ်ပါက ၎င်းတို့၏ ခံစားမှုကို ဂရုစိုက်ပါ။

ဂရုစိုက်မှု မခံရတဲ့ကလေးဟာ ဂရုစိုက်ခံရခြင်းရဲ့ ခံစားမှုကို မသိတော့ပါ

  ကလေးဘဝမှာ ချစ်ခင်စွာ ဂရုစိုက်မှုမခံရတဲ့ ကလေးငယ်တွေဟာ ဂရုစိုက်ခြင်းဆိုတဲ့အရာဟာ ဘယ်လိုခံစားရသလဲ ၊ ဘယ်လိုခံစားမှုမျိုးလဲဆိုတာ နားမလည်နိုင်တာကို ရိုးရှင်းစွာသိထားရပါမယ်။ မိဘအုပ်ထိန်းသူ ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းက ဂရုစိုက်ခြင်း မခံခဲ့ရတဲ့ ထိုကလေးငယ်တွေဟာ ဂရုစိုက်ခြင်းဆိုတဲ့အရာက တပါးသူအပေါ် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကိုလည်း နားလည်ပေးနိုင်ဖို့ ဝေးလို့နေပါပြီ။ သားသမီးတွေကို နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ဆက်ဆံရေးနဲ့ နေကျင့်မရှိတဲ့ မိသားစုတွေလည်း ရှိပါတယ်။ ဒီလိုမိဘမျိုးတွေဟာ တကိုယ်ကောင်းဆန်ပြီး နှလုံးသားမရှိတဲ့ မိဘမျိုးတွေလို့လည်း ဆိုလို့ရပါတယ်။ ဒါမှမဟုတ်လည်း သူတို့ငယ်စဉ်က သူတို့ရဲ့မိဘတွေက သူတို့ကို နွေးထွေးပြီး မေတ္တာအခြေခံတဲ့ ဆက်ဆံရေးမျိုး မပေးခဲ့ဘဲ အေးစက်စက် ကြီးပြင်းလာခဲ့ရလို့လည်း ဖြစ်နိုင်ပါတယ်။ သုတေသနပြုသူတွေရဲ့အဆိုအရ လူတွေဟာ အခြားသက်ရှိသတ္တဝါများနဲ့ မတူဘဲ ခြားနားစွာ ကြီးပြင်းလာတတ်ကြတာပါ။ ဗဟုသုတအရည်အချင်းတွေ ၊ ဂရုတစိုက်ရှိမှုဆိုတာတွေမှာ […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။

မပျော်ရွှင်တဲ့ ကလေးငယ်များ ဘာကြောင့်ဖြစ်ရတယ်

သားဦး သမီးဦးရလာတဲ့ သားဦးမိဘတွေအတွက် မိဘတစ်ယောက်ရဲ့ ခံစားမှုဟာ မယုံနိုင်လောက်တဲ့ ခံစားမှုတစ်ခုပါ။ ပျော်စရာတစ်ခုလိုလို အဲဒီခံစားမှုဟာ ကြောက်စရာကောင်းသလိုလေးလည်း ခံစားရစေပါတယ်။ ဒီကလေး ပိစိကွေးလေးကို ကိုယ့်ရဲ့အိမ်မှာ ၊ ကိုယ့်လက်ထဲမှာ ရှိနေမယ်ဆိုတဲ့ ခံစားချက်ဟာ ကိုယ့်မှာတာဝန်ရှိတယ်လို့ ခံစားစေမှာဖြစ်သလို ကိုယ့်ကလေးအတွက် အကောင်းဆုံး လုပ်ပေးသွားမယ်ဆိုတဲ့ ခံစားချက်ကိုလည်း ခံစားစေနိုင်မှာပါ။ ကလေးပိစိကွေးလေး လူ့လောကထဲ စရောက်တဲ့ အချိန်ကစလို့ သူမရောက်လာခင် ကိုယ်လုပ်ကိုင်ခဲ့တဲ့ နေ့တဓူဝကိစ္စတွေကို ရွှေ့တန်ရွှေ့ ပြောင်းတန်ပြောင်းနဲ့ ညညဆိုလည်း သူလေးအတွက် အိပ်ရေးပျက်တဲ့ညတွေ ကြုံရတော့တာပါပဲ။ ဒီလိုနဲ့ ကလေးအဖေ ၊ အမေ ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ ကိုယ်နေထိုင်မှုပုံစံဟာလည်း ကလေးမရခင်ကလို ပုံစံမျိုးမဟုတ်ဘဲ ပြောင်းလဲလို့ ဘဝဆိုတာကို ပိုပြီး လေးလေးနက်နက် ခံစားလာတတ်ပါတယ်။ ဒီ့နောက်ပိုင်း အလုပ်လုပ်တဲ့ မိခင်တွေအတွက် ကလေးနဲ့အတူဆက်ပြီး […]

သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
Continue Reading
facebookဖြင့်ဝင်ရန်