IUCD ဆိုတာဘာလဲ?

0

Intra-Utrine Contraceptive Device (IUCD) သို့မဟုတ်  IUD ဟုခေါ်သော ပစ္စည်းကိုလည်း အမျိုးသမီးက အသုံးပြုခြင်းဖြင့် သန္ဒေသားတားနိုင်သည်။ ထိုပစ္စည်းသည် ၉၇.၄ ရာခိုင်နှုန်းမှသည် ၉၉ ရာခိုင်နှုန်းအထိ စိတ်ချရပြီး (၃)နှစ်ကနေ (၅)နှစ်အထိခံသောကြောင့် လက်ရှိတွင် အသုံးတွင်ကျယ်လှသည်။ မလိုချင်သေးသော သန္ဓေသားရရှိမှုကို တားဆီးနိုင်ပြီး ကလေးလိုချင်လျှင် IUD ကို ကျွမ်းကျင်သူနှင့် အချိန်မရွေးပြန်လည်ထုတ်ယူကာ သန္ဓေသား ရရှိနိုင်ကြောင်း သိရသည်။

ထိုးဆေး ၊ သောက်ဆေးတို့ဖြင့် နှိုင်းယှဉ်လျှင် IUD ဟာ ဘေးထွက်ဆိုးကျိုးနည်းကြောင်း သိရသည်။ နေရာမှား သန္ဓေတည်ဖူးသူတွေအနေနဲ့တော့ လုံးဝမသင့်တော်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရသည်။ သို့ပေမယ့် IUD အသုံးပြုသော အမျိုးသမီးများသည် ရာသီပေါ်ချိန်တွင် သွေးဆင်းများနိုင်သဖြင့် သွေးအားနည်းရောဂါ ဖြစ်နိုင်သည့် အန္တရာယ်ရှိကြောင်းလည်း သိရသည်။

You might also like