Episiotomy နဲ့ မွေးခြင်းဆိုတာ ဘာလဲ?

0

Episiotomy နဲ့ မွေးခြင်းဆိုတာ အထူးသဖြင့် သားဦးမိခင်တွေဟာ ရိုးရိုးမွေးရာမှာ အချိန်အတော်ကြာ မမွေးနိုင်ဘူး။ ညှစ်အားတော့ ပေးနိုင်တယ်ဆိုရင် မိန်းမကိုယ်နဲ့ စအိုကြားက အရေပြားပတ်လည်နားကို အနည်းငယ်ညှပ်ပြီး မွေးတာကို ဆိုလိုပါတယ်။ ဒီနည်းနဲ့ မွေးလာတဲ့သူတွေက မီးဖွားပြီးပြီးချင်းမှာ ညှပ်ထားတဲ့နေရာက နာကျင်မှုကြောင့် ဆီးသွားတာ ၊ အထိုင် ၊ အထ နဲ့ လမ်းလျှောက်တဲ့နေရာမှာ နာကျင်နေနိုင်ပါတယ်။ အနာခံပြီး ဒဏ်ရာမြန်မြန်သက်သာအောင် လုပ်ကိုင်တဲ့မိခင်တွေဟာ ရက်ပိုင်းအတွင်း အနာသက်သာလာပေမယ့် အနာမခံဘဲညှာတဲ့ မိခင်တွေကတော့ ဒဏ်ရာသက်သာဖို့ အနည်းငယ်နောက်ကျတတ်ပါတယ်။

ဒီနည်းနဲ့ မွေးလာသူတွေဟာ ဝမ်းမာမာမညှစ်နိုင်တဲ့အတွက် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးရုံကမဆင်းခင်ကတည်းက ဆရာဝန်ကို ဘာဝမ်းနှုတ်ဆေးသုံးရမယ်ဆိုတာ ကြိုမေးပြီး ဆေးညွှန်းယူလာခဲ့နိုင်ပါတယ်။ နို့တိုက်မိခင်ဖြစ်တဲ့အတွက် အများသုံးတဲ့ ဝမ်းနှုတ်ဆေးတွေကို သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ ဆေးပြင်းရင် ဆေးအာနိသင်က နို့ထဲရောက်ရှိပြီး ကလေးလည်း ဝမ်းသွားမှာဖြစ်ပါတယ်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( PregnancyKnowledge)

You might also like