
မွေးလာမယ့်ကလေးကို အားပြည့်သန်စွမ်းချင်လို့ ဘာတွေ လုပ်ဆောင်ရမလဲ?
ပဲဟာ Protein လို့ခေါ်တဲ့ အသားဓါတ်ကိုပေးပြီး အသား ၊ ငါး နဲ့ ကြက်ဥ ၊ ဘဲဥတွေဟာလည်း အာဟာရဓါတ်ပြည့်ဝတဲ့ အစာတွေဖြစ်ပါတယ်။ ဒါကြောင့် မွေးလာမယ့်ကလေးနဲ့ နို့စို့ကလေးတွေကို တကယ်ပဲ အားပြည့်သန်စွမ်း ကျန်းမာစေချင်တယ်ဆိုရင်ဖြင့် (၁)ဓလေ့ထုံးတမ်းတွေထဲက မှားယွင်းတဲ့ အယူအဆတွေကို စွန့်ပစ်ပါ။ (၂)လက်တွေ့ကျကျ မှန်ကန်တဲ့အယူအဆတွေကို လက်ခံကျင့်သုံးပါ။
မြန်မာနိုင်ငံမှာရှိတဲ့ အကောင်းဆုံးအာဟာရများမှာ အသား ၊ ငါး ၊ ပဲ ၊ ဟင်းသီးဟင်းရွက် ၊ ကြက်ဥ ၊ ဘဲဥ ၊ ဆန် ၊ သစ်သီးဝလံတို့ဖြစ်ပါတယ်။ ဆန်မရှိတဲ့ ၊ ဆန်ရှားပါးတဲ့ အရပ်ဒေသတွေမှာ ဆန်အစား ဂျုံကို အစားထိုးစားကြပါတယ်။