ဆေးလိပ် ၊ အရက်စွဲနေတဲ့ ကိုယ်ဝန်ဆောင်သည်နှင့် ဗိုက်ထဲက ကလေးရဲ့ကျန်းမာရေးဟာ ဘယ်လိုရှိမလဲ?

0

ဆေးလိပ်သောက်သုံးခြင်းသည် သင့်ရင်သွေး ကျန်းမာရေးအား အဆုံးစွန်အထိ သေရာပါ ထိခိုက်မှုမျိုးပေးစေသည့်အပြင် ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသား၏အသက်ပါ ဆုံးရှုံးနိုင်သည့် ဖြစ်ရပ်များ ရှိသည့်အတွက် ကိုယ်ဝန်ဆောင်သည်များ ဆေးလိပ်သောက်သုံးခြင်း လုံးဝမပြုသင့်ပေ။

အရက်သေစာနှင့် အရက်သေစာပါသော အစားအသောက်ကိုမူ သတ်မှတ်အတိုင်းအတာအထိ ကိုယ်ဝန်ဆောင်ကာလအတွင်း ရံဖန်ရံခါ သောက်သုံးနိုင်ပေမယ့် နေ့စဉ်ပုံမှန် သောက်သုံးခြင်းနှင့် ပမာဏများများ သောက်သုံးခြင်းသည် မိမိလွယ်ထားသည့် သန္ဓေသားအား ထိခိုက်နိုင်သဖြင့် ရှောင်ရှားသင့်သည်။

မူးယစ်ဆေးစွဲနေသော ကိုယ်ဝန်ဆောင်မိခင်များအဖို့ မိမိကိုယ်ဝန် အပ်နှံထားသော ဆရာဝန်အား ပွင့်လင်းစွာ အကြံဥာဏ်တောင်းခံသင့်သည်။ ဆက်လက်သုံးစွဲခြင်းသည် မိမိနှင့် မိမိသန္ဓေသား၏ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိရသည်။

You might also like
Leave a comment