
ဘာကြောင့် ဆရာဝန်နှင့် မိမိကိုယ်ဝန် ပြသသင့်သလဲ?
ကိုယ်ဝန်ရှိပြီဆိုပါက မိမိ၏ ကလေးဟာ ပုံမှန်ဟုတ်မဟုတ် ၊ မိမိ၏ ကျန်းမာရေးဟာလည်း ပုံမှန် ဟုတ်မဟုတ် ဆိုသည်ကို နားလည်တတ်ကျွမ်းသည့် ဆရာဝန် ၊ ဆရာမများနှင့် မှန်မှန် ဆွေးနွေးပြသခြင်းဖြင့် မလိုလားအပ်သော အဖြစ်အပျက်များကို ကာကွယ်ပြီးသားဖြစ်သည်။
မိမိကိုယ်ဝန်ကို ဆရာဝန်အား ပြသဆွေးနွေးပြီး လိုအပ်သော စစ်ဆေးချက်များ ရယူစစ်ဆေးခြင်းအားဖြင့် ကလေးရော အမေပါ ကလေးမွေးဖွားသည်အထိ ကျန်းကျန်းမာမာရှိနိုင်မည်။ မလွယ်သင့်သည့် ကိုယ်ဝန်(ဥပမာ-သားအိမ်မဟုတ်သည့် နေရာ၌ သန္ဓေတည်ခြင်း အစရှိသည်) အားလည်း ကြိုတင်သိရှိ ကုစားနိုင်မည်။