
ကိုယ်ဝန်ဆောင် တတိယသုံးလမှာ ဘာတွေ ဖြစ်တတ်သလဲ?
ကိုယ်ဝန်ဆောင် တတိယသုံးလဖြစ်သည့် ကိုယ်ဝန်(၇)လမှ (၉)လအတွင်းတွင်မူ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှေ
ကိုယ်ဝန်လရင့်လာပါက ကလေး၏လှုပ်ရှားမှု ပိုများလာသလို ကလေးက ပိုသန်လာသောကြောင့် အထူးသဖြင့် အအိပ်အနေ နည်းလာတတ်သည်။ ထို့ကြောင့် အိပ်ချင်စိတ်ရှိသည့်အချိန် အိပ်ချလိုက်နိုင်ကာမှ ပိုအားရှိပေမည်။ အလုပ်လုပ်သည့် မိခင်များအဖို့ ပင်ပန်းနွမ်းနယ်မှု ၊ အားယုတ်လျော့မှုများကို ထိုကာလများတွင် ပိုခံစားရလိမ့်မည်။
နိုင်ငံတကာတွင် ကိုယ်ဝန်ဆောင်ကာလအား ရက်သတ္တပတ်ဖြင့်တွက်ကာ ရက်သတ္တပတ် (၄၀)စွန်းစွန်း သို့မဟုတ် (၄၁)ပတ်တွင် သန္ဓေသားအား နေ့စေ့လစေ့ ဖွားမြင်သည်ဟု အလွယ်တကူ မှတ်ယူနိုင်သည်။ သို့ပေမယ့် ရက်သတ္တပတ် (၃၈)ပတ်မှသည် ရက်သတ္တပတ်(၄၀)အတွင်း သန္ဓေသားအား ဖွားမြင်နိုင်ပေသည်။