
နို့တိုက်ပုံတွေထဲမှာ အကောင်းဆုံးဖြစ်နိုင်တဲ့ နို့တိုက်ကျွေးပုံက ဘယ်လိုလဲ?
ကလေးနို့တိုက်ပုံ အမျိုးမျိုးရှိသည့်အနက် မိမိအား နေ့ရောညပါ ကူနိုင်မည့်သူ ရှားသူများအတွက် အိပ်ရာပေါ်တွင် ဘေးတစောင်းလှဲရင်း ကလေးနို့တိုက်သည့်ပုံစံသည် အကောင်းဆုံးဖြစ်သည်။ ထိုအခါ နို့ဝသည့်ကလေးလဲအိပ် ကိုယ်လည်းအိပ် လုပ်၍ရသဖြင့် ညစဉ်ရက်ဆက် အိပ်ရေးပျက်သည့်ဒဏ်တော့ မခံရတော့ပေ။ သို့ပေမယ့် ကလေးဟာ မိခင်နှင့်အိပ်သည့်အကျင့် စွဲသွားနိုင်ကာ အိပ်ယာခွဲအိပ်သည့်အခါ မိခင်ရော ကလေးပါ အနည်းငယ်တော့ ခက်လိမ့်မည်။