ကြက်ပြုတ်ရည်နဲ့ ကြက်သား ဘယ်ဟာကပိုအာဟာရပြည့်မလဲ?

0

ကြက်ပြုတ်ရည်နဲ့ ကြက်သား ဘယ်ဟာကပိုအာဟာရပြည့်မလဲဆိုရင် မူရင်းအာဟာဖြစ်စေတဲ့ ကြက်သားကို အရသာရှိရှိ ပြုတ်လိုက်လို့သာ ကြက်ပြုတ်ရည်ရရှိတာမို့ အာဟာရ စုနေတာ ကြက်သားမှာ ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်က ပိုအာဟာရရှိတယ်ဆိုပြီး ပြုတ်ထားတဲ့ ကြက်သားမစားဘဲ ကြက်ပြုတ်ရည်ကိုပဲ ကိုယ်ဝန်ဆောင်မိခင် ၊ ကလေးနို့တိုက်မိခင်နဲ့ နလန်ထစ ကလေးငယ်တွေကို တိုက်ကျွေးရင် ကြက်ပြုတ်ရည်နဲ့ ကြက်သား နှစ်ခုလုံးစားတဲ့ အာဟာရဓါတ်လောက် မရနိုင်ပါဘူး။

လူမမာရဲ့ အစာအိမ်က ဆန်နဲ့အခြားအစာမာမာတွေကို ကောင်းကောင်း အစာမချက်နိုင်လို့ ဒီလိုကာလမှာ  မြန်မြန်အစာကျေပြီး များများနဲ့ခဏခဏ စားနိုင်မယ့် မြူစွမ်လိုမျိုး ၊ စွပ်ပြုတ်လိုမျိုးတွေကို လူမမာတွေစားသောက်ဖို့ ၊ နလန်ထတွေစားသောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားတာဖြစ်ပါတယ်။

ကောင်းကောင်း အစာချေဖျက်နိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ၊ မီးနေသည်တွေ ၊ နို့တိုက်ကလေးမိခင်တွေနဲ့ နလန်ထစကလေးငယ်တွေကို စွပ်ပြုတ်လုပ်တိုက်ရင် အသားရော စွပ်ပြုတ်ရည် နှစ်ခုစလုံးကို စားသောက်စေရပါမှ အာဟာရဓါတ်ပိုပြီး ပြည့်ပြည့်ဝဝရရှိမှာ ဖြစ်ပါတယ်။


ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် မီးနေသည်နှင့် မိခင်များ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( afterbirth)

You might also like