
မွေးကင်းစကလေးကို အမွှေးအကြိုင်ဖြစ်တဲ့ ပေါင်ဒါတို့ သနပ်ခါးတို့ သုံးပေး ၊ လမ်းပေးသင့်သလား?
ကလေးခြောက်လအထိ အနီးကပ်စောင့်ရှောက်သူဖြစ်တဲ့ လူကြီးမိဘတွေက ရေမွှေးဆွတ်သုံးတာမျိုးအပါအဝင် ကလေးကိုလည်း ပေါင်ဒါ ၊ သနပ်ခါး အစရှိတဲ့ အမွှေးနံ့သာတွေကို မလိမ်းကျံပေးသင့်ပါဘူး။ မွေးကင်းစကလေးဟာ နုနယ်သေးတာမို့ ဖြစ်နိုင်သမျှ ဓါတုဗေဒပစ္စည်းတွေနဲ့ အရောင်တွေကို နည်းနိုင်သမျှ နည်းအောင် အသုံးပြုရမှာပါ။ ဥပမာ -ရေချိုးဆပ်ပြာ ၊ ခေါင်းလျှော်ရည် အစရှိသည်တို့ပါ။