
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ဘာကြောင့် စင်စင်ဆေး (သို့မဟုတ်) ချက်ပြုတ်ကြော်လှော်ပြီးမှ လတ်လတ်ဆတ်ဆတ် စားသင့်သလဲ?
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအား ကိုယ်ဝန်ဆောင်သည်များ ပိုမိုစားသုံးသင့်သည်။ ကြော်လှော်ချက်ပြုတ် စားသောက်ရမည့် အသီးအရွက်များအား ကြော်လှော်ပြီး လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးစားခြင်းသည် အေးစက်နေသော အစားအစာများကို စားသောက်ခြင်းထက် မိခင်လောင်းများ၏ အစာချေစနစ်အားလည်း ပိုမိုကောင်းမွန်စေသည်။
အသင့်စားသုံးနိုင်သည့် သစ်သီးဝလံများကိုမူ သေချာစွာ ရေစင်စင်ဆေးကြောပြီးမှ စားသုံးသင့်သည်။ လတ်လတ်ဆတ်ဆတ်စားဟု ဆိုတိုင်း အပင်ပေါ်က ခူးစားတာမျိုး ၊ ဈေးကဝယ်ဝယ်လာချင်း မဆေးမကြောဘဲ စားတာမျိုးကိုတော့ ရှောင်ရှားသင့်ပေသည်။
အဘယ်ကြောင့်ဆိုသော အသီးတွင် ကပ်ငြိတွယ်နေနိုင်သည့် မျက်စိနှင့်မမြင်ရသော ပိုးများ မိမိကိုယ်တွင်းရောက်ရှိကာ ဗိုက်ထဲက ဖွံ့ဖြိုးဆဲ နုနယ်သောသန္ဓေသားအား ဒုက္ခမပေးနိုင်အောင် ဖြစ်သည်။
အသုတ်လုပ်စားသည့်အခါတွင်လည်း အသီးအရွက်နှင့် သစ်သီးဝလံများကို သေချာစွာ ရေစင်စင်ဆေးပြီးမှ စားသောက်သင့်သည်။